ယိုင်နဲ့နဲ့ ခြေလှမ်းတွေကို ဦးမိုး အသာပြန်ထိန်းရင်း ... မှိတ်လုနီးနီး မျက်လုံးတွေ ကို အတင်းဖြဲကာကြည့်လိုက်မိတော့ ... အရှေ့မှာ ရေနံချေး ဝနေသည့် ပျဉ်ထောင်အိမ် အမည်းကြီးကို မြင်နေရပြီဖြစ်သည်။ အခန်း တချို့တလေလောက်သာ မီးဖွင့်ထားတာကြောင့် သူ၏ အချစ်တော် ယောက်ခထီး ကြီးကတော့ အိပ်နေလောက်ပြီထင်၏။
"အဟင်း... ရောက်ပြီ ... ငါ့အသည်းလေးရှိတဲ့နေရာကို ရောက်ပြီ...ကဲ... မင်းတို့ ပြန်ကြတော့..."
ဇွဲမင်း က ထိန်းကိုင်ထားသည့် ဦးမိုး ကိုယ်လုံးကြီး အသာလွှတ်ပေးလိုက်ရာ...ထိုလူက ကိုယ့်ကိုယ်က်ိဳ တောင်ပြန်မထိန်းနိုင်ဘဲ ဟန်ချက်ပျက်ကာ... ချက်ချင်း ပြန်ယိုင်ကျသွားသည်..။ ဘေးက ကျော်ဇင်သန့် က အလျှင်အမြန် ပင် ဝင်ထိန်းလိုက်ရင်း...
"ဟာ...လဲတော့မှာပဲ ဗျာ..."
"ခင်ဗျား အဆင်ပြေပါ့မလား ဦးမိုး အိမ်ထဲရောက်အောင်လိုက် ပို့ ရမလား..."
"ရတယ်..ရတယ်..မလိုဘူး ဇွဲမင်း...မင်းတို့ပြန်တော့"
"ဟုတ်ပြီ...ခင်ဗျားအဆင်ပြေတာ သေချာတယ်ဆို ကျွန်တော်တို့ ပြန်မယ်နော်"
"အိုကေ...အိုကေ... ငါ့ ကောင်တို့ မနက်မှပြန်ဆုံမယ်နော်..."
အနောက် က အုပ်စု ကို ပြန်လှည့်ဖြေရင်းဖြင့် ဦးမိုး ခြေလှမ်းတွေ ကို သေချာလေးတည့်မတ်လိုက်ပြီး အိမ်ထဲသို့ ဦးတည်လိုက်သည်...။
အိမ်ထဲသို့အရောက်မှာတော့ မျက်လုံးတချက် ဝေ့ကြည့်လိုက်ရာ ... အခန်း တံခါးကို တဝက်လောက် ဖွင့်ထားသည့် အခန်းကို အရင် တွေ့လိုက်သည်...လျှပ်စစ်မီးတွေကို ပိတ်ထားပြီး ပြတင်းတံခါးဆီက လရောင်မှိန်ပြပြ လေးကိုသာ အမှီပြုရင်း ရှိနေတာကြောင့် ထို အခန်းလေးက သေချာပေါက် သူ၏ ချစ်ဇနီး လေးအခန်းသာ ဖြစ်မည် ။ထို့ကြောင့် တံခါးကို ဆုံးအောင် အသာတွန်းဖွင့်လိုက်ပြီး ဝင်သွားလိုက်၏...။
ကုတင်ပေါ်မှာ ကျောပေးပြီး အိပ်နေသည့် အဖြူရောင်ကျောပြင်လေး က ... ခပ်လှမ်းလှမ်းကနေ ကြည့်နေရင်းတောင် ရင်တွေအခုန်မြန်လာသလိုပင်...။ ဦးမိုး တံခါး ကို သေချာလေး... ပြန်ပိတ်လိုက်ပြီး ကြားလူ မနှောင့်ယှက်ရလေအောင် မှတ်မှတ်ရရ ဖြင့် အတွင်းကနေ လော့ပါ ချ ပစ်လိုက်သည်။
YOU ARE READING
ရတုများအဆက်ဆက်ထိ
Romanceအချစ်က တန်ခိုးရှိတယ် ခင်ဗျားရဲ့ မင်းနဲ့မှမဟုတ်ရင်ရှေ့မဆက်ချင်ဘူး မင်းရင်ခွင်မှမဟုတ်ရင်ဘယ်ရင်ငွေ့မှမခိုလှုံချင်ဘူး ဒုတိယအကြိမ် ရှင်သန်ရခြင်းရဲ့ ရင်ခုန်သံက မင်းပဲဖြစ်ကြောင်း ကို လည်းပြောပြချင်မိတယ် ချစ်မိပြီဆိုကတည်း က ပျော်နေရလည်း မင်းနဲ့ပဲ ဝမ်းနည်းရ...