Episode 11U

11.9K 601 13
                                    

"အကို..."

"ပြော..."

"ကျွန်တော် အပြင်သွားမလို့ လိုက်ခဲ့ပါလား အိမ်ထဲမှာပဲ နေ နေရတာ မပျင်းဘူးလား..ဟင်"

"မပျင်းဘူး ကိုယ့် မှာလုပ်စရာတွေမှ အများကြီး ပျင်းဖို့ အချိန်တောင် မရှိဘူး"

စျာန် တယောက်တည်း သွားနေကျအတိုင်းသွားလိုက်လို့ရပေမယ့် မလိုက်ဘူး ဟု ဇွတ်ငြင်းနေသည့် လူကို တမင် ညစ်ချင်လာသည်မို့ ပါအောင်ခေါ်ဖို့ စိတ်ဆုံးဖြတ်ထားသည်ဖြစ်ရာ...

"တစ်ရက် တစ်ရက် ... အခန်းထဲမှာနေပြီး စာတွေဖတ်လိုက် ဖုန်းတွေကြည့်လိုက် နဲ့  မျက်မှန်ကြီးလည်း ပုလင်းဖင်ဖြစ်တော့မယ် အကိုရာ ... လူငယ် ပဲ တခါတလေ လူငယ်တွေလို လွတ်လွတ်လပ်လပ် နေကြည့် ပါဦးလား ... လူ့ဘဝ ရောက်လာရတာတန်အောင် မဟုတ်တာလေးတော့ လုပ်ကြည့်ဦးမှပေါ့ဗျာ.. အကို့ ကို ကြည့်ရတာ ပင်ပန်းလိုက်တာ..."

နေလာတာ အချိန်လာတာနှင့်အမျှ သူတို့ကြားထဲမှာ ရင်နှီးမူ့ကလည်း အရင်ကထပ် ပိုတိုးလာပြီး ...စျာန်ထူး က ထိုသို့သော စကားတွေကိုလည်း အားမနာတမ်းပြောတတ်နေပြီဖြစ်သည်။

"ပင်ပန်းရင် မင်း မကြည့်နဲ့လေ..."

"မရပါဘူး.. ကြည့်မှာပဲ ကြည့်ပြီး ကျွန်တော့်စကားကို လက်ခံလာအောင် ပြောနေမှာပဲ..."

"စျာန်ထူး"

အခန်းထဲသို့ သူ့သဘောနှင့်သူ ဝင်လာပြီးမိမိ အိပ်ယာပေါ်ထိ တက်လှဲကာ ပွစိ ပွစိ နဲ့ပြောနေသည့် ကောင် ကို ကြည့်ပြီး ရတု စိတ်မရှည်သလို  အော်လိုက်ရာ...။ ထိုကောင်က မဟုတ်လို့လား ဆိုသည့် မျက်နှာနဲ့ ပြန်ပြီးမေးငေါ့ပြကာ...

"ကျွန်တော် ပြောတာ မှားလို့လား... လူငယ်ပဲ ​တခါတလေ ပျော်တာပါးတာလောက်တော့ရှိရမှာပေါ့ ဗျ... အခု ကျွန်တော်သွားမှာကလည်း ရွာထဲက ဘီယာဆိုင်တင်ပဲကို အခြားလူတွေလည်း မပါဘူးလေ... ဇွဲမင်း နဲ့ ကျော်ကြီးပဲရှိတာ ... သူတို့ကလည်း အကိုနဲ့ သိပြီးသားပဲကို လိုက်ခဲ့လိုက်ပါဗျာ...နော်"

"ကိုယ် မလိုက်လည်း ခါတိုင်းလိုပဲ တစ်ယောက်တည်း သွားလိုက်ပါတော့လား ပွစိ ပွစိ နဲ့ ထိုင်ပြောနေတာ မင်းက အဖိုးကြီးကျနေတာပဲ"

ရတုများအဆက်ဆက်ထိWhere stories live. Discover now