Episode 5Z

85 3 0
                                    

"မဇာခြည် ကျွန်တော်နဲ့ ခဏနေ round လှည့်ပြီးမှ ထမင်းစားနားနော် ကိုဇွဲနိုင်ဦး က မနေ့က ကျွန်တော်ပြောထားတဲ့ လိုအပ်တဲ့စာရင်းလေးတွေရေးထားတဲ့ ဟာ အဲ့တာလေး တချက်ပြန် စစ်ကြည့်ပေးပါလိုတာတွေ ကို ဒီတခေါက်တော့ ကျန်ခဲ့လို့မရဘူး"

"ဟုတ်ကဲ့"

"ဟုတ်ကဲ့ပါ ဆရာ"

သူ ဆေးရုံအတွက် လိုအပ်တဲ့ ဆေးဝါး ကိရိယာတွေကို အထက် ကို တင်ပြချိန် မှာ ကျန်နေခဲ့တာမရှိစေရန် သေချာအောင် တစ်ချက် ပြန် စစ် ကြည့်ပေးနေရင်း...။

"ဆရာလေး ၊ ဆရာလေး..."

နားနေခန်းထဲ သို့ သူ့ နာမည်ခေါ်ကာ ကပြာကရာ ပြေးဝင်လာသည့် ခင်ထူး..အဲ့နောက်မှာတော့ သားကို ပခုံးပေါ် မှာ ပွေ့ချီ ကာ စိုးရိမ်နေသည့် မျက်ဝန်းတွေ နဲ့ ရှိနေသည့် ဈာန်။

ရတု စိတ်ပူသွားကာ ထိုင်ရာ မှ အပြေး ထ သွားမိပြီး...

"ဘာဖြစ်တာလဲ...ဈာန်... သား က ဘာဖြစ်တာလဲ..."

"ဆော့နေရင်း နဲ့ လှေကားပေါ်က ပြုတ်ကျသွားလို့ သား ကို ကယ်ပါဦး ဆရာလေး ရယ် အီး ဟီး.."

ပြောနေရင်း ငိုချလိုက်သည့် ခင်ထူးစကားကြောင့် ရတု ပိုမို လန့်သွားရကာ နှလုံးခုန်သံတွေပါ ပို မြန်လာသလိုပင် ။

"လာ...သား ကို ဒီကိုခေါ်ခဲ့လိုက်"

အလျင်အမြန်ပဲ နားနေခန်း က လွတ်နေသည့် ကုတင်ပေါ်ကို သား ကို တင်ခိုင်းလိုက်ပြီး စစ်ဆေးကြည့် လိုက်တော့ ကလေး က နဖူး မှာ အနည်းငယ် ကွဲသွားပြီး အပြင်မှာ နေပူချိန်မြင့်၍ သွေးကျဲနေပုံရကာ သွေးက တော်တော်နှင့် မတိတ်ပေ ။ ပခုံး နှင့် ဒူးခေါင်းတွေမှာတော့ ပွန်းပဲ့ရာ တွေဖြင့် မမြင်ရက်စွာ...။

ကလေး ဆိုတော့ အတော်နာသွားမှာပဲဆိုသည့် ကရုဏာ စိတ် နဲ့ လူက ပိုပြီးစိုးရိမ်မိရသည်။ ဘေးက စာရွက်တစ်ရွက်ဆွဲကာ လိုအပ်တာတွေ ချရေးရင်း...

"မဇာခြည်"

"ဟုတ်ကဲ့ ၊ ဆရာ"

"ဒီမှာ လိုအပ်တာတွေ ကျွန်တော် ရေးထားတယ် အကုန်ယူခဲ့ပေးပါ ... အမြန်လေး"

ရတုများအဆက်ဆက်ထိWhere stories live. Discover now