Episode 24U

10.9K 526 7
                                    

မိုးအကုန် ဆောင်း အကူးလေး မို့ ထင်... နေဝင်လာတာ နဲ့ အချမ်းဓာတ်လေး က ပါလာတာကြောင့် ဝတ်ထားသည့် လည်ပိတ်ဆွယ်တာ အဖြူလေး ကို လက်အနည်းငယ်ထပ်ဆွဲချလိုက်ပြီး ကိုယ်လေးအနည်းကျုံ့လိုက်မိသည်.. ကိုယ် က အစကတည်းက အအေးဒဏ် မခံနိူင်သူ မို့ ပိုဆိုးသည်....။

အိမ်ပြန်ရန်အတွက် လက်ဆွဲအိတ် ကို ယူ၍ ဆေးရုံအပြင် ဘက် ဆိုင်ကယ်ထားရာဆီ ထွက်ခဲ့လိုက်ရာ ...။ အဝင်ဝ မှာ ရပ်ထားတဲ့ ဆိုင်ကယ်ကို မှီပြီး လက်ပိုက်ရပ်နေသည့် စျာန့်ကို လှမ်းမြင်လိုက်ရသည်။

ခဲဖျော့ရောင် ဂျင်းအရှည်ကို တီရှပ်အနက်ပြောင်ဖြင့် တွဲဝတ်ထားပြီး အပေါ်က အဖြူနဲ့အနက် ရောထားသည့် ရှပ်အကွက်ကို ထပ်ဝတ်ထားသည် ။မြင်နေကျအတိုင်း ဆံပင်တွေကို အနောက်သို့ အကုန်လှန် ဖြီးထားသည်။ ထိုသည်က စျာန့်ကို အနည်းငယ် ရုပ်ရင့်သလိုဖြစ်နေပေမယ့် ရတု မျက်လုံးထဲမှာတော့ ခပ်မိုက်မိုက်ပုံစံ ဖြင့် ဆွဲဆောင်မူ့ရှိလွန်းနေသည်...

တွေ့ရမည် မထင်ထားဘဲ ရုတ်တရက် မြင်လိုက်ရတာကြောင့်  စိတ်ထဲမှာ ပျော်ရွှင်သွားရပြီး ခြေလှမ်းတွေက ခပ်သွက်သွက်ဖြင့် စျာန့်ဆီကိုဦးတည်လိုက်မိသည်။

"စျာန်...မင်း ဘယ်အချိန်တည်းက ရောက်နေတာလဲ...ရောက်နေပြီးတော့ အထဲကိုလည်း ဝင် မလာဘူး"

"အင်း...ဒီအတိုင်းပဲ အကို ကျွန်တော့်ကို မြင်ရင် ပျော်သွားအောင်လို့...တမင် ဒီကပဲစောင့်နေတာ"

စျာန် က လက်ကိုနောက်ပစ်ပြီး ခပ်ပြုံးပြုံးဖြင့် လူ ကို ငုံ့ကြည့်၍ ပြောလာသည်။ ထို့ကြောင့် ခပ်တည်တည် ဖြင့် ပြန်ကြည့်လိုက်ပြိီး...

"ကိုယ်က... ကလေး လား မင်းကိုမြင်ရုံ​နဲ့ပျော်သွား ရ အောင်"

ဝန်မခံချင်သည့် စိတ်နဲ့ ပြန်လည်ချေပ လိုက်ပေမယ့် စျာန့် ကို မြင်လိုက်ကတည်း က ကလေး တစ်ယောက်လို ခုန်ပေါက်ပြီး အနားကို ပြေးလာချင်မိ တဲ့အထိ အပျော်သွားတာ ကိုယ်တိုင်ပဲသိ၏ ။

နေ့စဥ်နေ့တိုင်း မြင်နေရပေမယ့် လည်း မမြင်ရသည့် ခဏ ကို တန်းလွမ်းမိနေသည်။ ဒါကလည်း  မိမိ အလွန်တော့မဟုတ် စျာန်က အရမ်းကို ချစ်ဖို့ကောင်းလွန်း နေသည်ကို... ။ အခုလည်း ကြည့်ပါလား ဒီကပြောလိုက်သည့် စကားကို သဘောကျပြီးရယ်နေလိုက်တာ သွားစွယ်ဖွေးဖွေး လေးတွေ ပေါ်သည်အထိ။

ရတုများအဆက်ဆက်ထိWhere stories live. Discover now