စျာန် ဂစ်တာ ကို ဘေးသို့ ချလိုက်ပြီး အိပ်ယာပေါ်က လူကို ကြည့်မိလိုက်တော့ မိမိ ဘက်ကိုတစောင်းလေး လှည့်ကာ အသက်ရှူမှန်မှန်ဖြင့်အိပ်ပျော်နေသည်။ နှာဖျား လေးကို လက်ညှိုးဖြင့် အသာလေး တို့ ထိလိုက်တော့လည်း နည်းနည်းလေးမျှ မလှုပ်ဘဲ နှစ်နှစ်ခြိုက်ခြိုက် ကို အိပ်ပျော်နေတာဖြစ်သည်။
" အဟွန်း! တကယ်ကြီး... အိပ်ချင်နေတာပဲ..."
သူ သဘောကျစွာ ပြုံး၍ တကိုယ်တည်း ရေရွတ်မိလိုက်သည်...။ပြီးနောက် စိတ်ကျဥ်းကျပ်သလို ဖြင့် အပေါ်က ဂျာကင်ကိုချွတ်လိုက်ပြီး ရတု အိပ်နေသည့် ဘေးကိုဝင်လှဲချလိုက်သည် ။
အိပ်နေသည့် မျက်နှာလေး ဆီ လှည့်၍ သေချာ ကြည့်မိလိုက်တော့ ပါးလေးတစ်ဖက်ကို ဖိအိပ်နေ၍ ထင် နူတ်ခမ်းလေး က ရှေ့ကို ဆူလုံးလုံးလေးထွက်နေသည် ။ ကြည့်နေရင်း က မနေနိူင်စွာ လက်ညှိုးလေးဖြင့် တို့ထိကြည့်မိတော့ ဂျယ်လီတုန်းလေး လို အိအိလေး ဖြစ်နေတာ ခံစားမိလိုက်သည်...။
ထိုသို့သော အထိအတွေ့လေးကြောင့် ကိုယ်တိုင်တောင် သတိမမူမိလိုက်ဘဲ ထို နူတ်ခမ်းလေး ဆီကို ထပ်ခါထပ်ခါ ထိတွေ့နေမိသည်...နောက်ဆုံး အားမရသလိုဖြင့် လက်မလေးနဲ့ အသာအယာပွတ်ဆွဲ ကြည့်လိုက်ရာ... ထိုလူက အနည်းငယ် လှုပ်ရှားလာပြီး ထိုနူတ်ခမ်းလေးကို လျှာဖြင့် သပ်လိုက်သည်။
နူတ်ခမ်းအရောင်ရဲရဲလေး ပိုမို စိုလက်သွားတာကအစ စျာန်သေချာ ကြည့်မိနေရင်း လူက အာခေါင်တွေပါ အလိုလို ခြောက်လာရသလို ခံစားမိလိုက်၏ ။ ဒီ နူတ်ခမ်းတွေ ရဲ့ အရသာကို သူ တစ်ခါ သိပြီးသား ပေမို့ ထပ်ပြီး မြည်းစမ်းချင်လာ တဲ့ စိတ်ကို မဖြစ်နိူင်တာတွေ မတွေးနဲ့ဆိုသည့် အတွေးက ပြန်ဖျက်ချသည် ။
အဲ့ဒီ့ အချိန်တုန်း က အရမ်းမူးနေပြီး ထင်ယောင်ထင်မှား ဖြစ်ခဲ့လို့ဆိုတာ ထားတော့ အခု အချိန်မှာတော့ သူ အရမ်း မူး မနေပါ။
သူ ဘာတွေဖြစ်နေတာလဲ မိန်းမ နဲ့ မထိတွေ့ရတာအရမ်းကြာခဲ့ပြီမို့ ဒီလိုစိတ်မျိုးဖြစ်တယ်လို့ဆိုရအောင်လည်း မိမိမျက်စိရှေ့က လူက ယောက်ကျားတစ်ယောက် ဖြစ်နေသည်။ ဘယ်လိုတောင် မအပ်စပ်သည့် အရာတွေကို သူ တွေးမိနေတာလဲ... စျာန် အလန့်တကြားဖြင့် လှဲနေရာ က ထ ထိုင်မိလိုက်ပြီး....စားပွဲပေါ်က ရေဗူးကို ကုန်စင်အောင်မော့သောက်ချပစ်သည်။
YOU ARE READING
ရတုများအဆက်ဆက်ထိ
Romanceအချစ်က တန်ခိုးရှိတယ် ခင်ဗျားရဲ့ မင်းနဲ့မှမဟုတ်ရင်ရှေ့မဆက်ချင်ဘူး မင်းရင်ခွင်မှမဟုတ်ရင်ဘယ်ရင်ငွေ့မှမခိုလှုံချင်ဘူး ဒုတိယအကြိမ် ရှင်သန်ရခြင်းရဲ့ ရင်ခုန်သံက မင်းပဲဖြစ်ကြောင်း ကို လည်းပြောပြချင်မိတယ် ချစ်မိပြီဆိုကတည်း က ပျော်နေရလည်း မင်းနဲ့ပဲ ဝမ်းနည်းရ...