Episode 10Z

32 1 0
                                    

"Jorny... Jorny"

"Yes' PaPa...."

"Eating.... Suga"

"No PaPa...."

"Telling.... lies"

"No papa....."

"Open your mouth...."

" Ha.. Ha.. Ha.."

ဖုန်းထဲ က သီချင်း ကို လည်းဖွင့်ထားပြီး အပြင်မှာလည်း နှစ်ယောက်သား ဟန်မူယာအ ပြည့် ဖြင့် အတိုင်အဖောက်ညီ စွာ လိုက်ဆိုနေကြသည်...။ ရတု ကိုယ်တိုင် လည်း မိမိ အခန်းထဲမှာ မို့ ဘယ်သူမှ မမြင်နိုင်ဘူးဆိုသည့်အတွေး နဲ့ စိတ်လွတ်လပ်စွာပင်...။

လုံးလုံး ရဲ့ ဦးဦးရော သားနဲ့အတူတူလိုက်ကပေးရမည် ဆိုတဲ့ အမိန့်ကြောင့် ကလေး စိတ်ကျေနပ် အောင် သီချင်းဆိုရင်း အတူတူလိုက် ကပေးနေကာ ပတ်ဝန်းကျင်ကိုတောင်အမှတ်မရမိပေ...။

"သားသား ရေ...သားသား..."

သူ အပြင် က ပြန်ရောက်တိုင်း အပြေးလာကြို တတ်သည့် သားကို ဒီကနေ့မှ ထူးထူးခြားခြားမတွေ့မိ၍ ဈာန်အော်ခေါ်ရင်း အိမ်ထဲအနှံ့ ဝေ့ရှာနေမိသည်။ ပြီးမှ မီးဖိုဆောင် အခန်းထဲတွင် တကုပ်ကုပ် နဲ့ ဘာတွေ အလုပ်ရှုပ်နေမှန်းမသိသည့် အမေ့အနားသို့ သွားလိုက်ပြီး...

"အမေ့...သားရော ဘယ်သွားလဲ...ကျွန်တော် မျက်လုံးထဲ မတွေ့မိပါလား..."

"ဟေ! အစောက သူ့ ဦးလေးခေါ်သွားတယ်လေ... အပေါ်ထပ်က သူ့ ဦးလေးအခန်းထဲမှာနဲ့တူတယ်...အဲ့ သွားကြည့်လိုက်"

"သြော်...ဟုတ်ကဲ့ ဟုတ်ကဲ့...ဒါဆို သား သွားကြည့်လိုက်ဦးမယ်"

"အေးအေး...ဒါနဲ့ ဈာန်..."

"ဟုတ်ကဲ့..."

"မနေ့က ဖိုးအေး ကို မြို့ပေါ် ကို ဆန်အိတ်တွေ သွားပို့ခိုင်းလိုက်တဲ့ ထွေလာဂျီခ တခါတည်း ပေးလိုက်တာလား..."

"ဟုတ်...တခါတည်း ပေးလိုက်တယ်လေ ဘာဖြစ်လို့လဲ အမေ..."

ဒေါ်မေယဉ် က ပုဇွန်ခြောက် ဗူးတွေကို နေရာတကျ ထားလိုက်ပြီး သားဖြစ်သူထံ လှည့်ကာ...

"မဖြစ်ပါဘူးကွယ်...သူ့မှာက မောင်နှမလေးနှစ်ယောက်တည်း ရှိတာလေ... မိဘ တွေကလည်း မရှိတော့ သနားလို့ပါသားရယ်... ကိုယ်က အဆင်ပြေတဲ့လူဆိုတော့ အဲ့ကလေး လိုအပ် တာလေးတွေ ကို ကူညီပေးနော် ... လုပ်အားခ ဆိုလည်း ပိုပိုသာသာ လေးပေး ကြားလား သား..."

ရတုများအဆက်ဆက်ထိWhere stories live. Discover now