Extra

10.5K 477 31
                                    

"ရော့ .... အကို"

မျက်စိရှေ့ကိုရောက်လာ သည့် ၅ထောင်တန် ပိုက်ဆံအုပ်တွေကြောင့် ဖုန်းကြည့်နေရာကနေသူ မော့ကြည့်လိုက်တော့...စျာန်က သူ့ကိုပြုံးပြီး ငုံ့ ကြည့်နေသည်။

"ဒါတွေက ဘာလဲ... စျာန်"

"အကို့ ကို အပ်တာလေ ... အခုက စပြီး ကျွန်တော် ရှာသမျှ အကို့ကို အပ်မယ် ၊ကျွန်တော် အသုံးလိုတော့ မှ အကိုကပြန်ပေးပေါ့ ဟုတ်ပြီလား"

ပြောလာသည့် စကားလေး က ကိုယ့်အပေါ်မှာသူဘယ်လောက် အထိ အလေးထားတယ် ဆိုတာခံစားမိနေတာ မို့ စိတ်ထဲက အလိုလို ကြည်နူးရပေမယ့် လည်း ဒီအိမ်ရဲ့ဝင်ငွေကို အန်တီမေ့ ကို ကျော်ပြီး သူ့ကိုအပ်တာ လက်မခံနိူင်ပါ...။

"ကိုယ် လက်မခံချင်ဘူး စျာန် ၊ အန်တီမေ့ ကိုပဲ အပ်လိုက်ပါ အန်တီမေ့ ကို ကျော်ပြီး မင်းကိုယ့်ကို ဒီ ပိုက်ဆံတွေလာအပ်တော့ အန်တီမေ က ဘယ်စိတ်ကောင်းမှာလဲ"

ရတု ထိုသို့ ပြောတော့ စျာန် ကစိတ်ပျက်သွားသည့် မျက်နှာ နဲ့ မိမိ ထိုင်နေသည့် ဘေးကို အတင်းတိုး ကပ်ထိုင်သည် ။

ခုံက ကျဥ်းနေတာကြောင့် စျာန့် ကိုယ်လုံးကြီးနဲ့ ဝင်ထိုင်လိုက် ၍ သူ့ကိုယ်လေး အနည်းငယ်ယိုင်ကျသွား၏ ။ ထိုအခါ စျာန်က ပြုတ်ကျမှာ စိုးသည့်အလား ပခုံးတွေ က ထိန်းဖက်ပေးလာသည်။

အခု သူတို့ပုံစံ က ခုံ သေးသေးလေး တစ်လုံး မှာ နှစ်ယောက်သား ပူးကပ်ထိုင်နေရသည့် ပုံ ဖြစ်နေပြီး ရှေ့မှာ လွတ်လွတ်လပ်လပ် ထိုင်လို့ရနေသည့် ကုတင် အကျယ်ကြီး ကတော့ မျက်နှာငယ်စွာ ဖြင့်...။

"အမေကလည်း အကို့ ဆီကို သွားအပ်လိုက်ပါတဲ့ ၊ အကိုက လည်း အမေ့ဆီ ကို သွားအပ်လိုက်ပါဆိုတော့ ... ကျွန်တော်က ကြားတည်းက ဘာဆက်လုပ်ရတော့မလဲ ... ပြောပါဦး"

"ဘယ်လိုမှမလုပ် နဲ့ ကိုယ် ခွဲခြားပြီးပြောတာ မဟုတ်ပေမယ့် မင်းရှာထားတဲ့ ပိုက်ဆံ ကို အန်တီမေ့ ကိုပဲ အပ်သင့်တယ် လို့ ကိုယ်ထင်တယ် စျာန်...  ၊ ခင်ထူး ရဲ့ ရှေ့ရေးလည်း ရှိ သေးတယ်လေ ၊ ကိုယ်ရတဲ့ လစာ ကို က သားအတွက် သီးသန့် ဘဏ်ထဲမှာ စုထားတယ် ... ကိုယ်တို့အတွက် ကတော့ ဘာမှမလိုတော့ပါဘူး... ပြီးတော့ ကိုယ့် နာမည်နဲ့ရှိနေတဲ့ ကိုယ့်မိဘတွေ ရဲ့ ပိုင်ဆိုင်မူ့ တချို့တဝက် ကို လည်း သားနံမည်နဲ့..."

ရတုများအဆက်ဆက်ထိWhere stories live. Discover now