Episode 13Z

37 1 0
                                    

တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်က ရွာအပြင်ဘက် ကို ရောက်လေ ပိုပြီး ငြိမ်သက်လာလေဖြင့် ... ဘေးပတ်ပတ်ကို လည်လှည့်ကြည့်မိတော့လည်း မှောင်မည်းနေကာ လူသံသူသံရယ်လို့မရှိပေ။ ညဘက်ပိုးကောင်မွှားကောင်လေးတွေ ၏ အော်သံတို့နှင့် ကိုယ်တွေ ရဲ့ခြေသံ ကလွဲလို့ ခြောက်ခြားဖွယ်ရာတိတ်ဆိတ်လျှက်။

အမြန်ရောက်ချင်ဇော နှင့် အရှိန်တင်ပြီးသွားနေမိသည့် ရတု ခြေလှမ်းတွေ က တဖြေးဖြေးနှင့် အားပျော့လာတာကြောင့် ရှေ့ကနေ လျှောက်နေသည့် ဈာန် က လှည့်ကြည့်လာပြီး...

"လာလေ...ရှေ့ဆိုရင် ရောက်တော့မယ်... ဟိုမှာမြင်တောင်မြင်နေရပြီ တွေ့လား"

"ကိုယ် ... ဆက် မသွားရဲတော့ဘူး ဈာန်"

"ဘာဖြစ်လို့လဲဟင်..."

"အရှေ့မှာ မှောင်မည်းနေတာပဲ ကြောက်စရာကြီး... ဆက်မသွားချင်တော့ဘူး အိမ်ကိုပဲပြန်တော့မယ်လေ... မနက်ကျရင် ကိုယ်ပါ မင်းနဲ့အတူတူ ရောပြီး အဆူခံပေးမယ်... အိမ်ပဲပြန်ကြ ရ အောင်နော်"

"အဆူခံရတာက ထားပါတော့... ဒီ အထိတောင် ရောက်နေ ပြီးမှ တစ်ခါပြန်လှည့်ရင် ဟိုသွားလိုက်ဒီသွားလိုက်နဲ့လမ်းပေါ်မှာတင်မိုးလင်းသွားလိမ့်မယ်... ကျွန်တော်ရှိနေတာပဲဗျာ ဘာကြောက်စရာလိုလို့လဲ ဒီမှာဖုန်းမီးတွေလည်း ပါ နေတာပဲကို..."

ဈာန် ပြောရင်းဖြင့် လက်ထဲက ဖုန်းမီးရောင် နဲ့ သေချာကြည့်မိလိုက်တော့ ထိုလူ့ မျက်နှာလေးက တကယ် ကို ကြောက်နေတဲ့ပုံလေးမို့ ရယ်ချင်မိသွားပေမယ့် မရယ်ရက်ပါ။ လက်တဖက် ကို သူ ကမ်းပေးလိုက်တော့ ကြောင်တောင်တောင်လေးပြန်ကြည့်လာသည်။ဈာန် က ဖြန့်ပေးထားသည့် မိမိ လက်ဆီကို ထပ်၍ မေးငေါ့ပြလိုက်ပြီး...

"လက်ပေးလေ..."

ရတု မဝံ့မရဲ နှင့်ပင် သူ့ လက်ဖဝါးထဲကို မိမိလက်ကိုထည့်ပေးလိုက်တော့ ဈာန်ကခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ ခံစားမိလိုက်ရသည့် လုံခြုံ နွေးထွေးမူ့ က လက်လေးကိုင်ပေး ထားရုံဖြင့် တကိုယ်လုံးကိုလွှမ်းခြုံပေးလိုက်သလို လုံခြုံသွားစေသည်။

ရတုများအဆက်ဆက်ထိWhere stories live. Discover now