သာယာလှသည့် နံနက်ခင်းလေးမှာ ဆိုလျှင်ဖြင့် ဦးမိုး နှင့် မရွှေခင် မင်္ဂလာဆောင်လေးကတော့ ထင်ထားသည် ထပ်ပင် ပိုမိုစည်ကားလျှက်ရှိသည် ။ ဆောင်းဘောက်ဆီ က မင်္ဂါလာ အခါတော်ပေး သီချင်းသံ ညံညံ ကလည်း ကြားရသူအဖို့ စိတ်ကို ရွှင်လန်းစေသလို လာရောက်ကြသည့် ဧည့်သည်တော် အပေါင်းမှာလည်း အပြုံးကိုယ်စီဖြင့် ရှိနေကြ၏..၊
မရွှေခင်သည်လည်း သတို့သမီး ချိတ်ဝမ်းဆက် အဖြူရောင်လေး ဖြင့် လှပလျှက်ရှိနေပြီး ဘေးမှ ဦးမိုးကလည်း သတို့သား ဝတ်စုံအပြည့်ဖြင့် မရွှေခင်လက်ကိုတွဲကာ ပြုံးရွှင် နေသည်မှာ လူပျိုကြီးဆိုသည့် ဂုဏ်ပုဒ်ကို လက်လွတ်လိုက်ရ၍ ပျော်နေသည့်ပုံ...
စျာန်တို့အုပ်စု လည်း ကိုယ့်ဘော်ဒါကြီး လူပျိုကြီးဘဝ ကျွတ်သွားတဲ့ ပွဲဆိုတော့ အရာရာ ကိုယ်ခြေကိုယ့်လက်သာ အမြဲပါဝင်ကူညီပေးနေရ၍ မအားလပ်နိူင်စွာရှိနေ၏...။ သို့ပေမယ့်လည်း လက်ဖွဲ့ငွေစာရင်း ရေးမှတ်နေသည့်နေရာမှာထိုင်နေရင်း တမနက်ခင်းလုံး မျှော်နေရသည့် အရိပ်လေးကို မတွေ့ရသေးတာကြောင့် သူ့မှာ လည်တဆန့်ဆန့်ရယ် ...
လက်ကနာရီကိုပြန်ကြည့်လိုက်ပြီး...လာရာလမ်း ကို နောက်တကြိမ် ထပ်မျှော်လိုက်မိရာ...
"ဂဏှာမငြိမ်လိုက်တာ စျာန်ထူး ရာ...ထ သွားပြီး ကိုယ်တိုင်သွားခေါ်လိုက်ပါလား...ပေး..မင်းရေးနေတဲ့စာရင်းစာအုပ် အကုန်မှား ကုန်ဦးမယ်"
"ရတယ်... အစောကဖုန်းဆက်ပြီးပြီ...ငါ့ကိုလာမခေါ်နဲ့တဲ့ သူ့ဟာသူ တခြား အဖော်တွေနဲ့လာမယ်ပြောတယ်.."
"အဲ့တာနဲ့များ...လာမှာပေါ့ကွာ... မင်း လည်ပင်းကြီးလည်း သစ်ကုလားအုပ် လို ရှည်ထွက်လာဦးမယ်"
"အေး...ငါ သစ်ကုလားအုပ် မဖြစ်ဘဲ မင်းသာ မိကျောင်းမသား ဖြစ်နေတာ တော်တော်လျှာရှည်တဲ့ကောင်..."
စျာန်...ဇွဲမင်းကို ပိတ်အော်ပစ်လိုက်ပြီး လူနည်းနည်း များ လာတာကြောင့်... လက်ဖွဲ့ငွေ စာရင်းမှတ်တဲ့ ဆီ အာရုံပြန်စိုက်လိုက်သည် ။ခဏအကြာမှာတော့...
"ဒေါက်တာမင်းရတုမောင် မှ... လက်ဖွဲ့ငွေ သုံးသိန်း"
တစ်သောင်းတန် အုပ်လေး နှင့် အတူ မိမိအရှေ့ကိုရောက်လာသည့် ရှည်သွယ်သွယ် လက်လေး တဖက်... လက်ထိပ်လေးတွေ လက်သည်းခွံလေးတွေကအစပန်းနုရောင်သန်းနေသည်က မည်သူဆိုတာ မေးရန်မလို...။
YOU ARE READING
ရတုများအဆက်ဆက်ထိ
Romanceအချစ်က တန်ခိုးရှိတယ် ခင်ဗျားရဲ့ မင်းနဲ့မှမဟုတ်ရင်ရှေ့မဆက်ချင်ဘူး မင်းရင်ခွင်မှမဟုတ်ရင်ဘယ်ရင်ငွေ့မှမခိုလှုံချင်ဘူး ဒုတိယအကြိမ် ရှင်သန်ရခြင်းရဲ့ ရင်ခုန်သံက မင်းပဲဖြစ်ကြောင်း ကို လည်းပြောပြချင်မိတယ် ချစ်မိပြီဆိုကတည်း က ပျော်နေရလည်း မင်းနဲ့ပဲ ဝမ်းနည်းရ...