🚫Warning 18+
......................
ချစ်မိပြီလို့ စတွေးလိုက်ကတည်းက ဒီလူသားလေးက မိမိ အပိုင်ဟုတ်သည် ဖြစ်စေ မဟုတ်သည်ဖြစ်စေ ခိုးပြီး ငေးကြည့်နေရတာလေးကို အစ မြတ်နိူးရတာမို့ မိမိ ရဲ့ရှေ့မှောက်အထိ ရောက်လာပြီး မိမိ ကိုပိုင်ဆိုင်ချင်ပါတယ်ဟုတောင်းဆိုလာတာကြောင့် ကြည့်နေရင်းနဲ့ပင် ရတု ရင်ထဲမှာ ပြောမပြတတ်အောင် ကြည်နူးရသည်။
ရတုရဲ့လက်တွေ က စျာန့်ရဲ့ကျောပြင်ကျယ်ကြီးဆီ အလိုလို ပြန်ဖက်ထားမိ လိုက်ပြီး ထိုကောင်လေး ရဲ့ရင်ခုန်သံတွေအထိ နားထောင်ဖို့ ရင်ခွင်ထဲ ကိုပါ တိုးဝင်ရင်း မျက်လုံးတွေကိုမှိတ်လိုက်မိသည်...။ခဏအကြာမှာတော့ စျာန်က ဖက်ထားတာ ကို ခွာလိုက်ပြီး...
"အကို လက်ခံပေးမှာလား ဟင်! ပိုင်ခွင့် ဆိုင်ခွင့်..."
အမှန်ဆိုလျှင် မိမိ ရဲ့ အချစ်တွေ နဲ့ စျာန့် ရဲ့အချစ်တွေ ထပ်တူကျ လာမည့် အချိန်ကို ရတု ကိုယ်တိုင် အိပ်မက်တစ်ခုလို မျှော်လင့်ခဲ့တာပဲ... နောက်ထပ် ဘာတွေ ကို ထပ်ပြီး အချိန်ဆွဲနေရဦးမှာလဲ... ကိုယ့်အရှေ့ ထိရောက်လာသည့် နှလုံးသားရဲ့ပိုင်ရှင်လေးကို မှ လက်မခံပါလျှင် မိုက်မဲရာကျသွားနိူင်လောက်သည်။
ထို့ကြောင့် မူမမှန်စွာ ခုန်နေတဲ့ရင်ခုန်သံတွေကို အသာထိန်းကာ...စျာန့် ကို မဝံမရဲ ပြန်ကြည့်လိုက်ပြီး...
"တကယ်ဆိုရင်...ကိုယ်မင်း ကို ချစ်ခဲ့တာ ကြာလှပြီ...စျာန်"
"ဟင်"
ယခု လိုပြောလိုက်မည် မထင်ထားတာကြောင့် စျာန် အံသြသွားရကာ ခေတ္တ အသက်ရှူဖို့တောင်မေ့သွားရသည်။ ဖွင့် ပြောမိလိုက်ပေမယ့်လည်း လွယ်လွယ် နဲ့ ပြန်လက်ခံည် လို့ သူ မတွေးခဲ့မိပေ...ယခုလိုချစ်ခဲ့တာကြာပြီဆိုတော့ ပိုတောင် ပျော်ရွှင်မိသွားရကာ... ရတု ပခုံးတွေ ကို ဆုပ်ကိုင်လိုက်ပြီး...
"အကို... အကို တကယ်ပြောတာလား "
"အင်း ...တကယ်ပေါ့"
"ဘယ်တည်းကလဲ... ဘယ်အချိန်တည်းက ကျွန်တော့် ကို ချစ်နေခဲ့တာလဲဟင်...ကျွန်တော် လုံးဝ မသိခဲ့ဘူး"
YOU ARE READING
ရတုများအဆက်ဆက်ထိ
Romanceအချစ်က တန်ခိုးရှိတယ် ခင်ဗျားရဲ့ မင်းနဲ့မှမဟုတ်ရင်ရှေ့မဆက်ချင်ဘူး မင်းရင်ခွင်မှမဟုတ်ရင်ဘယ်ရင်ငွေ့မှမခိုလှုံချင်ဘူး ဒုတိယအကြိမ် ရှင်သန်ရခြင်းရဲ့ ရင်ခုန်သံက မင်းပဲဖြစ်ကြောင်း ကို လည်းပြောပြချင်မိတယ် ချစ်မိပြီဆိုကတည်း က ပျော်နေရလည်း မင်းနဲ့ပဲ ဝမ်းနည်းရ...