Part (1) Genius girl

10.5K 143 0
                                    

Unicode

အပိုင်း - ၁

*ရင်ခတ်ပန်း*

မောင်နှမ (3) ယောက်မှာ အလတ်။
အလတ်ဆိုသည့်အတိုင်း အမြဲအချစ်လပ်ခံနေရသူ။အဖေက အိမ်ခြံမြေပွဲစား၊ အမေက လောင်းကစားသမား...

မန္တလေးမြို့မှာ တိုက်နှင့်ကားနှင့်နေနိုင်သော်လည်း မိသားစုစီးပွားရေးက ပိန်လိုက်ဖောင်းလိုက်...အဖေနဲ့အမေက မမကြီး *ယဥ်နွယ်ပန်း*နဲ့ ခတ် အောက်က မောင်လေး *မောင်ရင်ထွေး*ကိုသာ ပိုပြီးအလေးပေးကြသည်...

အဖေပွဲတည့်လာပြီဆို မမကြီးအတွက် အဝတ်အစားအသစ်တွေ ဝယ်လာပေးသည်...ခတ်အတွက်ကတော့ မမကြီး အကျပေါ့။သူတို့အမြဲပြောနေကျ လက်သုံးစကားက ခတ်ကိုမမကြီးအရွယ်ရောက်လာရင် အသစ်ဆင်ပေးမယ်တဲ့...

ဒါပေမဲ့ မမကြီး အသက် (၁၀) နှစ် ခတ်အသက် (၅) နှစ်သာ ရောက်ခဲ့တယ်။အခုချိန်ထိ အဖေ့ဆီက အဝတ်အစားအသစ်မရဖူးခဲ့သေးပေ။

ခတ် သိတတ်ပါပြီဆိုတဲ့အရွယ်ကတည်းက အမေ့ရင်ခွင်ထဲလည်း နွေးနွေးထွေးထွေး မနေခဲ့ရ...

ခတ် (၁) နှစ်အရွယ်မှာ မောင်ရင်ထွေးရှိလာတော့ ကိုယ်ဝန်နဲ့မို့လို့ဆိုပြီးအမေ့ကိုဆိုးချင်တိုင်းလည်း ဆိုးခွင့်မရခဲ့...

ခတ်က ပိုပြီးအထီးကျန်လာခဲ့သည်။ဒါပေမဲ့ ခတ်မှာမွေးရာပါ ပါရမီရှိခဲ့တာကို သူတို့မသိဘူး။သိရအောင်လည်း သူတို့ ခတ်ကိုအချိန်မပေးခဲ့ဘူး။

ကိုယ့်ကိုယ်ကိုယ် စတင်သတိထားမိတဲ့ အချိန်က ခတ်(၃) နှစ်သမီးအရွယ်ပါ။

စာမပါတဲ့ရုပ်ပုံတွေကို မြင်လိုက်တာနဲ့ ဘာကိုဆိုလိုတယ်ဆိုတာ တန်းပြီး နားလည်တာမျိုး....

မမကြီးအော်ကျက်နေတဲ့စာတွေကို နားနဲ့ကြားရုံနဲ့ ပြန်ဆိုပြနိုင်တာမျိုး...

စိတ်ဝင်စားတဲ့အရာဆိုရင် မျက်လုံးနဲ့ကြည့်လိုက်တာနဲ့ ဦးနှောက်ထဲမှာ ကွန်ပျူတာလိုပဲ save နိုင်တာမျိုးပေါ့...

My Lovely Book 📖(Complete)Where stories live. Discover now