Part - 3

4.1K 107 3
                                    

Unicode

အပိုင်း - ၃

"ဒီနေ့တော့ ပွဲတည့်ခဲ့ပြီဟေ့။
လာကြ...ဒီမှာ ခေါက်ဆွဲကြော်ဝယ်လာတယ်။စားရအောင်"

ခတ်တို့အိမ်မှာ အခုလို အပျော်မျိုးလေးတွေလည်း မကြာခဏရှိတတ်သည်။အဖေ အချီကြီးမိလာတဲ့အခေါက်ဆို ခုလိုမျိုးပဲ အပြင်စာလေးတွေ မှာစားကြ၏။

"ကဲ သမီးကြီး စာအုပ်နဲ့ ဘောပင်ယူ တွက်စမ်း။ဖေဖေ ဒီနေ့ ဘယ်လောက်မြတ်ခဲ့တယ်လို့ထင်လဲ"

"ဟုတ် ဖေဖေ"
"အိမ်ငှားခက တစ်လကို 150000 နဲ့
အဖေက စပ်ပေးလို့ ပွဲခ 15% ရတယ်။
နောက်ထပ် မြေတစ်ကွက်တည့်လာတာ
အဖေ့ပွဲခက 5 သိန်းရခဲ့တယ်။နှစ်မျိုးပေါင်း ဘယ်လောက်လဲ"

"နေဦးဖေဖေ သမီးတွက်လိုက်ဦးမယ်"

"522500"

မမကြီးတွက်‌နေတုန်း
ခတ်က ဝင်ဖြေလိုက်သည်။

"နင်က ဘယ်လိုသိတာလဲ"

"ဒီလိုပဲ စိတ်ထဲကတွက်လိုက်တာ "

"ရမ်းဖြေလို့ မှန်တာနေမှာပါ။စိတ်ထဲထားမနေနဲ့။ကဲ သမီးကြီး ဘယ်လောက်ရလဲ တွက်"

အမေက ဝင်ပြော၏။

"522500 ဖေဖေ"

မိသားစုတွေရဲ့ မျက်လုံးများ ခတ်ဆီ စုပြုံရောက်လာသည်။

"မိခတ် နင်က ခုမှ (၁) တန်းပဲရှိသေးတာ။ကျောင်းက အဲ့လောက်ကြီး သင်နေပြီလား"

"မသင်သေးပါဘူး"

"ဒါဆို နင် ဘယ်လိုတွက်လဲ"

"ဒီလိုပဲခေါင်းထဲကနေ တွက်လိုက်တာပါဆို"

"စားစရာရှိတာ စားကြတော့။သူ့ဟာသူရမ်းဖြေရင်း မှန်သွားတာနေမှာ။ရော့ သားလေး ဖေဖေ့ထဲက ငုံးဥစား"

ခတ် ဘဝက ဒီလိုပါပဲ။
ဒီအိမ်မှာ ခတ်ကို ချီးကျူးမယ့်သူမရှိ။
ခတ်ကတော့ နေသားကျနေပါပြီ။

💮💮💮💮💮💮💮💮💮💮💮💮

Grade (1/ A)

"ကဲ ဆိုနေကျအတိုင်း အလီလေးတွေဆိုကြရအောင်"

2 တစ်လီ 2
2 နှစ်လီ 4
----------------
----------------

"တော်လိုက်ကြတာ ဆရာမတပည့်တွေ အကုန်လုံး ဆိုနိုင်ကြတယ်တော့။ဟုတ်ပြီ။ ဒါဆို ထူးထူးဆန်းဆန်းလေး
မေးကြည့်ရအောင်"

My Lovely Book 📖(Complete)Where stories live. Discover now