Part 30

4K 77 0
                                    

Unicode

အပိုင်း - ၃၀

10:00 PM⏰

"စာအုပ်လေး ကိုယ် မင်းဆီလာချင်လို့"

ငြားက စာပို့ပြီးပြောလိုက်သည်။

"သမီးအိပ်နေပြီ Mr.ရဲ့"

"ကိုယ်က မင်းနဲ့အတူအချိန်ကုန်ဆုံးချင်လို့ပါ"

"လာရင်လည်း လာခဲ့လေ"

သူမလေးဆီမှ  ခွင့်ပြုချက်ရသည်နှင့် သူအချိန်မဆိုင်းဘဲ အခန်းကူးခဲ့သည်။

"Mr. မျက်နှာလည်း မကောင်းပါလား။ဘာဖြစ်လို့လဲဟင် "

"ကိုယ်မပျော်ဘူးကွာ"

ခန့်ငြား ခုတင်ပေါ်ကိုတက်ပြီး ခတ်ရင်ခွင်ထဲ ခေါင်းတိုးဝင်သည်။

"ဘာဖြစ်လို့လဲဟင်။ခတ်ကိုပြောလေ"

သူက ကလေးဆိုးကြီးလို ချွဲနေမှာတော့
ခတ်ကလည်း သူ့ဆံပင်လေးတွေကို ပွတ်သပ်ပေးရင်းမေး၏။

"ကိုယ် ပြင်သစ်ကို သွားရမယ်"

ခတ်ရဲ့ကိုယ်လေး မတ်သွားပြီး သူ့ကိုအံ့ ဩတဲ့မျက်လုံးများနှင့်ကြည့်လိုက်သည်။

"ဘယ်လောက်တောင်ကြာမှာလဲဟင်"

"မြန်ရင် 2 ပတ်။အလွန်ဆုံး 1 လပေါ့"

"ဪ------ "

(အစကတော့ သူ့ကို ဓာတ်ပုံကိစ္စပြောမယ်လို့ စိတ်ကူးထားမိတာပါ။
ဒါပေမဲ့ သူ ခရီးသွားမှာဆိုတော့ စိတ်မကောင်းဖြစ်နေပါ့မယ်လေ)

ခန့်ငြား ခတ်ရဲ့ရင်ခွင်ထဲမှ ထွက်ပြီး ခုတင်ခေါင်းရင်းကိုမှီ၍ ခပ်လျောလျောလေး ပြင်ထိုင်၏။
ပြီးတော့ ခတ်ကို ဖက်ထားရင်း

"ကိုယ် ဒီတစ်ခေါက်သွားမယ့်ကိစ္စက  အရေးကြီးတယ်။ကိုယ်တို့ Project အောင်မြင်မယ်လို့ ယုံကြည်ထားတယ်။သူ့ဘက်ကလည်း ရင်းနှီးမြုပ်နှံဖို့ကို သေချာသလောက် ဖြစ်နေပြီလေ"

"ခတ်တို့ 1 နှစ်နီးပါးဆွဲခဲ့ရတဲ့ Shopping Mall ဆောက်မယ့် Project လား"

"ဟုတ်တယ် စာအုပ်လေး။အဲ့ဒါတွေအကုန် အချောသတ်ပြီးပြီမှတ်လား"

"ဌာနအသီးသီးကတော့ သူတို့ရဲ့ ပြင်ဆင်ဖြည့်စွက်ပြီးတဲ့ဟာတွေအကုန်လုံး ခတ်ကိုပေးပြီးပြီ။ခတ်လည်း File ထဲမှာ သွင်းထားပြီးသား"

My Lovely Book 📖(Complete)Where stories live. Discover now