Part 5

3.9K 91 0
                                    

Unicode

အပိုင်း - ၅

"ဒီနေ့ ဆရာမတို့က Noun တွေကို အနည်းက‌နေ အများပြောင်းတာ သင်မယ်နော်။

ဒါလေးက ပန်းသီး တစ်လုံး
အဲ့ဒါဆိုရင် 🍎 apple လို့ ရေးရတယ်။

အကယ်၍ 🍎🍎 နှစ်လုံးဆိုရင်တော့
🍎🍎 apples လို့ ရေးမယ်။ s ပေါင်းရမယ်နော်။ အများဖြစ်သွားပြီ။

အဲ့ဒီလိုပဲ
🎁box ------------🎁 🎁 boxes
🐏 sheep -------🐏🐏 sheep
🪿 goose -------🪿🪿 geese

အဲ့ဒါတွေက အနည်းကနေ အများပြောင်းတာပါ။နားလည်ကြလား"

ခတ် လက်လေးမြှောက်လိုက်သည်။

"ဘာမေးမလို့လဲ ရင်ခတ်ပန်း"

"ဆရာမ Noun တွေကို အနည်းကနေ အများပြောင်းတဲ့အခါ ဘာဖြစ်လို့တစ်ခုနဲ့တစ်ခု မတူတာလဲဟင်။
apple မှာဆို s ပါတယ်။

box မှာကျ es ဖြစ်သွားတယ်။

sheep မှာကျ ဘာမှ မပြောင်းဘူး။

goose မှာကျ အတွင်းထဲကစာလုံးတွေ ပြောင်းသွားတယ်။ အဲ့ဒါ ဘာလို့လဲဟင်"
"အဲ့ဒါကို နောက်မှဖြေပေးမယ်။
ခုတော့ ဒီအတိုင်းပဲ မှတ်ထားလိုက်။
ကဲ ပြန်စကြရအောင်"

"ခုရှင်းပြလို့ မရဘူးလားဟင် ဆရာမ။
သမီး နားမလည်လို့ပါ"

"ညည်းတော်တော် လျှာရှည်တာပဲ။ညည်းက ဆရာမလား ငါကဆရာမလား။ပြီးရင် ရှင်းပြမယ်လို့ ပြောနေပြီလေ"

"ဟုတ်"။

အတန်းထဲက ကျောင်းသား ကျောင်းသူတွေရဲ့ မျက်လုံးများက ခတ်ကိုစိုက်ကြည့်လို့....ဘာလို့ ကြည့်ကြမှန်း ခတ် မသိ...ခတ်မေးတာ ဘာများမှားလို့လဲ။

💮💮💮💮💮💮💮💮💮💮💮💮

"ရင်ခတ်ပန်း နဲ့ သူ့ထက်ခန့်ငြား
ဒါဘာလုပ်နေကြတာလဲ"

"ဟာ ဆရာမ"

ခတ်နဲ့ ငြား ထိုင်နေကျနေရာလေးမှာ
စာအုပ်အတူတူ ဖတ်နေကြတာဖြစ်သည်။

"အဲ့ဒီစာအုပ်က ဘယ်က ရတာလဲ။ ပေးစမ်း"

ခတ် ဘာပြောရမှန်းမသိ။ရုတ်တရက်ဆိုတော့ ကြောင်သွားမိသည်။

"သား ယူလာတာပါ ဆရာမ"

ငြားက ဖြေလိုက်၏။

"ကျောင်းကို ဒီလို စာအုပ်တွေ ယူမလာရဘူး"

My Lovely Book 📖(Complete)Where stories live. Discover now