Part 22

3.9K 87 2
                                    

Unicode

အပိုင်း - ၂၂
Company ထဲသူမဝင်လာသည်နှင့် မျက်လုံးပေါင်းများစွာက ကြိုဆိုနေကြသည်။ ငွေမှင်ရောင်အပေါ်မှာ
ခရစ်စတယ်တွေထိုးထားပြီး အောက်ပိုင်းကားသွားသော ဂါဝန်ပုံစံမျိုးကို ဝတ်ဆင်ထား၏။ကျောဘက်ကတော့ လုံးဝပြောင်ရှင်းနေသည်။

MD ရဲ့ သွင်ပြင်လက္ခဏာဘာတစ်ခုမှမရှိဘဲ ပွဲတက်သွားမည့် ပုံစံမျိုးသာ ဖြစ်သည်။အမြင်ရိုင်းပေမဲ့ ဆွဲဆောင်မှုအပြည့်နဲ့ လှပနေတာတော့ ငြင်းလို့မရပေ။

သူမကတော့ ဘယ်သူ့ကိုမှဂရုမစိုက်သော မျက်နှာပေးဖြင့် တစ်လှမ်းချင်းလှမ်းလို့လာ၏။

💮💮💮💮💮💮💮💮💮💮💮💮

"မင်္ဂလာပါ MD"

"ခန့်ငြား ရှိလား"

"ဟုတ်ကဲ့ရှိပါတယ်ရှင့်။ခတ် လိုက်ပို့ပါ‌မယ်"

"နေပါစေ။တို့ကိုယ်တိုင်ပဲ ဝင်သွားမယ်"

" ဟုတ်ကဲ့ရှင့်"

💮💮💮💮💮💮💮💮💮💮💮💮

"ခန့်ငြား ဘာတွေလုပ်နေလဲ"

"ဟာ မင်း - မင်း ဘာလို့ ဒီပုံစံနဲ့ ရုံးလာတက်တာလဲ။မင်းကိုယ်မင်း MD ဆိုတာလည်း သတိထားဦး"

"ခန့်ငြားကလည်း ဒါက ညကျရင် BM group ရဲ့ ရင်းနှီးမြုပ်နှံမှု Cocktail ပါတီအတွက် ပြင်ဆင်ထားတာပါ"

"အဲ့ဒါဆိုလည်း ညမှဝတ်လေ"

"ရှင့်ကို အစမ်းဝတ်ပြတာပေါ့။ဒါနဲ့
ခန့်ငြား ရှင် ညကျ ကျွန်မနဲ့ပါတနာလုပ်ရမှာနော်"

"ငါ့မှာ Partner ရှိပြီးသား"

"ဘာ"

"ငါ့ Secretary နဲ့သွားမှာ"

"ရှင် ကျွန်မနဲ့ပဲ သွားမှရမှာ။ကျွန်မတို့နှစ်ယောက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကနေရလာမယ့် အကျိုးအမြတ်ကို
ရှင်စဉ်းစားပေါ့။ရှင့်ရဲ့ ဒီ Edward လုပ်ငန်းစုအတွက် ဘာကိုဦးစားပေးသင့်လဲ ရှင်ကပိုသိမှာပဲ"

ခတ် တံခါးဖွင့်မလို့ လက်ရွယ်ထားပေမယ့် မဖွင့်ဖြစ်သေးဘဲ လက်ကတုန့်နေ၏။ချောင်းနားထောင်နေတာ မဟုတ်ပေမဲ့ မရည်ရွယ်ဘဲ ရပ်နေမိပြန်သည်။

My Lovely Book 📖(Complete)Where stories live. Discover now