Part 7

3.7K 96 0
                                    

Unicode

အပိုင်း - ၇

ငြား မရှိတဲ့နေ့ရက်တွေက ခတ်အတွက် အထီးကျန်လှစွာဖြတ်သန်းရသည်။အရင်လိုခတ်ပြောသမျှ နားထောင်ပေးမယ့်သူမရှိတော့ပေ။

ခတ်လည်း တဖြည်းဖြည်းနှင့် လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ လိုက်လျောညီထွေစွာ နေနိုင်လာသည်။ကောင်းတဲ့ဆရာမတွေနှင့်ကြုံခဲ့ရသလို ဘက်လိုက်တဲ့ဆရာမတွေနှင့်လည်း တွေ့ခဲ့ရ၏။

မမကြီးက ဒီနှစ်ဆယ်တန်းတက်ရသလို ခတ်က 5 တန်းတက်ရမည်။ဆယ်တန်းဆိုတော့ အဖေနှင့်အမေက မမကြီးကို ဖူးဖူးမှုတ်ထားလေသည်။

လိုချင်တာမှန်သမျှအကုန်ဖြည့်ဆည်းပေး၏။ခတ်ကတော့ ဘာတစ်ခုမှ မပူဆာပါ။ပူဆာလည်း ဝယ်မပေးမှန်းသိပါသည်။

မမကြီးစိတ်ကောင်းရှိတဲ့အချိန်လေးတွေမှာ သူပေးသမျှ ကမ်းသမျှတော့ စားရသောက်ရပါ၏။

ခတ်မောင်လေး မောင်ရင်ထွေးကျလည်း ရောဂါသည်လေးမို့ဆိုပြီး အလိုလိုက်ကြပြန်သည်။

ဘယ်လိုပဲဖြစ်ဖြစ်ခတ်ကတော့ ကိုယ့်ဘဝ ကိုယ်ကျေနပ်ပါသည်။ခတ်ကြောင့် မိဘနှစ်ပါး ဒုက္ခမရောက်ခဲ့ရသလို ခတ်ဘဝကို ဖြည့်ဆည်းပေးဖို့ သူတို့ ပင်ပင်ပန်းပန်းမရှာခဲ့ရပါ။ဒါကပဲ ခတ်ကို စိတ်ချမ်းသာစေခဲ့သည်။

ခတ်ရဲ့အတွေးမှာ ကိုယ့်အတွက်နှင့် သူတပါးဝန်ထုပ်ဝန်ပိုးဖြစ်မှာ သိပ်စိုးရိမ်ပါသည်လေ....

💮💮💮💮💮💮💮💮💮💮💮💮

"ရင်ခတ်ပန်းရေ အမေမအားလို့ ညည်းမမကြီးကို ဒါလေးသွားပေးလိုက်ဦး။
မတွေ့ရင် အဆောင်မှူးအပ်ခဲ့နော်။
ကြားလား"

ခတ်စက်ဘီးလေးစီး၍ ထွက်လာစဉ်....

"မငယ် ကျွန်တော်လည်း လိုက်မယ်"

"မမငယ်က မင်းခန္ဓာကိုယ်လည်း တင်နင်းရဦးမှာ။ဒီမှာ မမကြီးအတွက်လည်း အထုပ်ကြီးကပါသေးတယ် မောင်လေးရဲ့။နေခဲ့လိုက်နော်"

"အာ့ဆို ညနေကျ ကျွန်တော့်ကို စက်ဘီးစီးသင်ပေး"

"အေးအေး သင်ပေးမယ်"

တစ်ခါတလေ အဖေရော အမေရော မအားတဲ့ရက်တွေမှာ အခုလိုမျိုးပဲ မမကြီးအဆောင်ကို မုန့်နှင့်လိုအပ်တာတွေ သွားပို့ရသည်။

My Lovely Book 📖(Complete)Where stories live. Discover now