Part 26

4K 84 2
                                    

Unicode

အပိုင်း - ၂၆

စာအုပ်လေးပြောတဲ့ နေရာကိုသူရောက်တဲ့ အချိန်မှာတော့ လူအချို့ တုတ်တွေ ခဲတွေကိုင်ထားတာကို မြင်လိုက်၏။

ဝေါ  ----ကျွီ------

သူ့ရဲ့ချစ်သူ‌လေးကတော့လက်ကောက်ဝတ်လေးကိုနှိပ်၍ ရှုံ့
မဲ့နေ၏။သူ စာအုပ်လေးရှိရာဆီ အတင်းပြေးသွားပြီး

"စာအုပ်လေး ဘာဖြစ်သွားသေးလဲဟင်။ဘယ်ထိသွားသေးလဲ"

"ခတ် ဘာမှမဖြစ်ဘူး Mr. အဆင်ပြေပါတယ်"

"ဟား စာအုပ်လေးရာ။မင်း ကိုယ့်ကိုရင်ပူရအောင် သိပ်လုပ်တယ်ကွာ"

သူ စိတ်ချောက်ချား
စွာ သူမလေးကို ထွေးပွေ့ထားလိုက်ပြီး ရင်ခွင်ထဲမြုပ်နေအောင် ဖတ်ထား၏။သူမသာ တစ်ခုခုဖြစ်သွားခဲ့ရင် သူရူးများရူးသွားမလားတောင် မသိနိုင်ပါ။

"သူက မင်းမိန်းမလား"

လူအုပ်ထဲက တစ်ယောက်ကမေး၏။

"ဗျာ။ဟုတ်ကဲ့"

"အေးကွာ။ဆွဲလားရမ်းလားနဲ့
အော်သံကြားလို့ ငါတို့လည်းပြေးလာတာ။ဒီနားက အိမ်ခြေလည်း ကျဲတယ်ကွ။

လူတော့မမိလိုက်ဘူး။သူ့ဖုန်းလားမသိဘူး ကျကျန်‌နေခဲ့တယ်။ရော့ ဒီမှာ"

"ကျေးဇူးပါဗျာ။ကျေးဇူးအများကြီးတင်ပါတယ်"

"ဒီနေရာက Taxi လည်း ငှားရခက်တယ်။ဒီကောင် တမင်ချောင်းနေတာနေမှာ"

လူတွေက ဟိုနားတစ်စု ဒီနားတစ်စုဖြင့် တီးတိုးပြောနေကြ၏။

"လာ စာအုပ်လေး အိမ်ပြန်ကြစို့နော်"

💮💮💮💮💮💮💮💮💮💮💮💮

"ခတ် အဆင်ပြေပါတယ်။ Mr. ရယ်။ကားကို ဂရုစိုက်မောင်းပါ"

ကား‌သာမောင်းနေသော်လည်း ခတ်ရဲ့ လက်တစ်ဖက်ကို သူ လွှတ်မပေးပါ။

"မင်းကို ကိုယ် နည်းနည်းလေးမှ စိတ်မချနိုင်တော့ဘူးကွာ"

ခတ်ရဲ့လက်လေးကို ဖျစ်ညှစ်ရင်းသူက ပြော၏။

"ခတ်ကို စိတ်ဆိုးနေတာလားဟင်"

"စိတ်ဆိုးနေတာ မဟုတ်ဘူး။
စိတ်ပူလွန်းလို့ နေမရထိုင်မရဖြစ်နေတာ။မင်းကိုသာ ဆုံးရှုံးရရင် ကျွတ် ....ကိုယ် မတွေးရဲဘူး"

My Lovely Book 📖(Complete)Where stories live. Discover now