Part 25

3.8K 81 2
                                    

Unicode

အပိုင်း - ၂၅

"မမကြီး ဧည့်သည်ရောက်နေတာလား"

ကိုယ်ဝန်နေ့စေ့လစေ့နဲ့ အမျိုးသမီးတစ်ယောက် ဈေးခြင်းတောင်းကတစ်ဖက် (3) နှစ်အရွယ်ကလေးကိုတစ်ဖက်ဆွဲ၍ အိမ်ထဲဝင်လာရင်း မေး၏။

"လာညီမလေး။ ဒါက မောင်ရင်ထွေးမိန်းမလေ *နှင်းနွယ်တဲ့"

"ဪ မောင်ရင်ထွေးတောင် အိမ်ထောင်ကျပြီပဲ"

"မောင်ရင်ထွေးက အလုပ်ကပြန်မလာသေးဘူးညီမ‌လေးရဲ့။သူက နေ့စားနဲ့ ပန်းရံလိုက်လုပ်နေတာလေ။

ခုတော့ မမကြီးတို့လည်း သူ့ပိုက်ဆံလေးနဲ့ မှီခိုနေရတာပေါ့။အရင်ကတော့နှင်းနွယ်လည်း ပန်းရံလုပ်တယ်။

မီးဖွားခါနီးမို့လို့သာ မလိုက်ဖြစ်တော့တာ"

"ဪ"

💮💮💮💮💮💮💮💮💮💮💮💮

"မမကြီး အဖေဒီနေ့ ထမင်းစားလား"

"ဟော မောင်ရင်ထွေးပြန်လာပြီ"

ခတ် မမကြီးနဲ့ စကားပြောနေဆဲ မောင်ရင်ထွေးပြန်ရောက်လာသည်။

"မောင်ရင်ထွေး ဒီမှာ မင်းမမငယ်လေ"

"မမငယ် "

ခတ်မှာ ဝမ်းနည်း၊ဝမ်းသာကြီး ဖြစ်နေသည်။တအိမ်လုံးမှာ ခတ်ကိုနွေးနွေးထွေးထွေးဆက်ဆံခဲ့တာဆိုလို့ မောင်ရင်ထွေးတစ်ယောက်ပဲရှိခဲ့သည်လေ။

(ခုတော့ ကြည့်ပါဦး။ပင်ပင်ပန်းပန်းလုပ်စားရတော့အသားအရေက နေလောင်မိပြီး ဆံပင်တွေကလည်း ဆီတောင်မကပ်နိုင် မွဲခြောက်ခြောက်ဖြစ်၍ အဝတ်အစားကလည်း ဘိလပ်မြေတွေပေလို့ပါလားမောင်လေးရယ်)

ခတ် မောင်ရင်ထွေးကို ဖက်လိုက်၏။

"မမငယ်ညစ်ပတ်ကုန်ပါ့မယ်။ကျွန်တော်က ပေနေတာဗျ"

"ရပါတယ်မောင်လေးရယ်"

"မမငယ်နဲ့ မတွေ့ရတာ နှစ်တွေတောင်
တော်တော်ကြာပြီနော်"

"ဟုတ်တယ်
အဖေ နောက်အိမ်ထောင်ပြုကတည်းကပါပဲ"

"အဖေ့ရဲ့ အမျိုးသမီးကရော"

"သူလည်း ဆုံးသွားပြီ မငယ်။ခု အဖေက ကျွန်တော်တို့နဲ့ပဲအတူနေတာ။မမကြီးရောပေါ့"

My Lovely Book 📖(Complete)Where stories live. Discover now