Part 6

3.8K 95 4
                                    

Unicode

အပိုင်း - ၆

"ရင်ခတ်ပန်း ဒီလာဦး"

ဆရာမက စာစစ်နေရာမှ လှမ်းခေါ်သည်။

"ဒီမှာ ဒီပုစ္ဆာက ဘယ်လိုတွက်ထားတာလဲ"

"သမီး နည်းလမ်းအသစ်လေးနဲ့ တွက်ကြည့်တာပါဆရာမ။ဒါလေးက သမီးဖတ်ဖူးတဲ့စာအုပ်ထဲက နည်းလေးမို့လို့ပါ"

"ရင်ခတ်ပန်း ညည်းကိုလေ ငါစောင့်ကြည့်နေတာ ကြာလှပြီ။ညည်းက ညည်းကိုယ်ညည်း သိပ်တော်တယ် ထင်နေတာလား။ဟုတ်လား"

"အဲ့လိုမဟုတ်ပါဘူးဆရာမ"

"နောက်တစ်ခါ ဒါမျိုး ငါမမြင်ချင်ဘူး။
ငါတွက်သလိုပဲတွက်ရမယ် ကြားလား"

"ဟုတ်ကဲ့"

💮💮💮💮💮💮💮💮💮💮💮💮

"ကိုကိုကြီး ခတ်မေးစရာလေးရှိလို့"

"မေးလေ"

"ခတ်လေ ကျောင်းမှာအမြဲလိုလို ဆူခံရတယ်သိလား။ဆရာမသင်တဲ့ စာတွေ အကုန်မှတ်မိတယ်။အလွတ်လည်း ဆိုနိုင်တယ်။ဒါပေမဲ့ ဆရာမက ခတ်ကို ဘယ်တော့မှ မချီးကျူးဘူး။နွယ်နီတို့ မှန်ရင်ကျ သိပ်ချီးကျူးတာပဲ"

"ဒီလိုပါပဲ ခတ်ကလေး
ဆရာ / ဆရာမတိုင်းကလည်း ကောင်းနေတာ မြင့်မြတ်နေတာတော့ မဟုတ်ဘူးပေါ့။တစ်ခါတလေမှာ စုန်းပြူးလေးတွေ ပါတတ်တယ်"

"ခတ်က စိတ်မဆိုးပါဘူး။ခတ်သိချင်တာကလေ သင်္ချာတွက်တာ ကိုကိုကြီးရာ။ခတ်က ခတ်အတွေးနဲ့ တွက်လိုက်တာ။ ဆရာမနဲ့ တွက်နည်းမတူဘူး။ ဒါပေမဲ့ အဖြေမှန်တယ်လေ။အဲ့ဒါကို မရဘူးတဲ့"

"ဒါက ဒီလိုရှိတယ် ခတ်ကလေး။
ကိုကိုကြီးတို့ နိုင်ငံက ပညာမတတ်တဲ့သူတွေအုပ်ချုပ်တော့ ပညာတတ်တဲ့သူတွေကလည်း ပညာမဲ့လာတာပေါ့ကွာ။

ဒါသင် ဒါကျက် ဒါအမှန်ပေါ့။
နောက်ထပ် နည်းလမ်းအသစ်ကို မစဉ်းစားကြတော့ဘူး"

"ကိုကိုကြီးတို့ ငယ်ငယ်ကရော အဲ့ဒီလိုပဲလား"

"ဒီလိုပဲပေါ့။ကိုကိုကြီးတို့တုန်းကလည်း *၏သည်မရွေး အကုန်ကျက်ခဲ့ရတာပဲ"

"ခတ်ကတော့လေ နွယ်နီတို့ အတန်းထဲမှာ သင်္ချာတွေအော်အော်ကျက်နေတာကြီးကို မကြိုက်ပါဘူး။ပြီးရင် သူက အတန်းထဲမှာ အဆင့်တစ်ပဲ။ခတ် ဘယ်လောက်မှန်မှန် အဆင့်တစ်မရဖူးဘူး"

My Lovely Book 📖(Complete)Where stories live. Discover now