Part 20

4.1K 96 1
                                    

Unicode

အပိုင်း - ၂၀

(မီးဖိုချောင်ထဲတွင်)

"စာအုပ်လေး ကိုယ့်ကိုစိတ်ဆိုးနေတာလား"

"မဆိုးပါဘူး။ခတ်က ဘာပြောနိုင်မှာလဲ။ရှင့်ရဲ့ Secretary ပဲဟာ။ရှင်ပြုသမျှနုရမှာပဲလေ"

"ဟာ မဟုတ်ဘူးနော်။ကျွတ် ရောကုန်ပြီ။ကိုယ်က မင်းကိုအနိုင်ယူချင်တဲ့စိတ်ကြောင့် နမ်းခဲ့တာမဟုတ်ဘူး"

"ခတ်ကတော့ အဲ့ဒီလိုပဲထင်တယ်။
ခတ်ကို သက်သက်အနိုင်ကျင့်တာ"

ခတ်မှာ ပြောရင်းဝမ်းနည်းလာသည်။
ချစ်တယ်လို့ တစ်ခွန်းမပြောဘဲ ဇွတ်အတင်းနမ်းခံခဲ့ရတာမို့ ခတ်ဝမ်းနည်းမိသည်။

"မဟုတ်ဘူး စာအုပ်လေးရာ။
ဒီဘက်လှည့် ကိုယ်ပြောမယ်"

သူ့မှာ ခေါက်ဆွဲစားထားတာတောင် ဘယ်ရောက်မှန်းမသိတော့။
ချစ်ရသူလေးကို ချော့ရပေဦးမည်။

"ဒီကောင် မင်းကိုဘယ်လောက်တောင် ချစ်တယ်ဆိုတာ မသိဘူးလား"

"မသိဘူး"

"ဟာ ကြည့်ကွာ။ ကိုယ့်ကိုကြည့်"

ခန့်ငြား သူ့လက်နှစ်ဖက်ဖြင့် ခတ်မျက်နှာလေးကိုမော့စေသည်။
ခတ် မျက်ရည်လေးတွေဝဲနေသော မျက်လုံးဝိုင်းလေးဖြင့် ကြည့်လိုက်၏။

"ကိုယ် ဘယ်မိန်းကလေးမှ မင်းကို ရင်ခုန်သလို ရင်မခုန်ခဲ့ဖူးဘူး။မင်းကို စတွေ့တဲ့ ဗွက်စင်တဲ့နေ့ကတည်းက မင်းက ကိုယ့်ရဲ့စာအုပ်လေးမှန်း မသိခင်ကတည်းက မင်းကို ‌မှတ်မှတ်ထင်ထင် ရှိခဲ့တာ။ မေ့မရဖြစ်ခဲ့တာ"

"ဒါပေမဲ့ ခတ်ကိုဘယ်တုန်းက ချိုချိုသာသာ ဆက်ဆံခဲ့လို့လဲ။အမြဲအော်ငေါက် ကြမ်းကြမ်းတမ်းတမ်း ပြောဆို‌နေခဲ့တာပဲ‌လေ"

"မင်းကို စချင်လို့ပါ။မင်းလိမ်နေတာတွေက မပိရိလေကိုယ်ကစချင်လေပဲ"

"အရင်တုန်းက ငြားက အဲ့ဒီလိုမှ မဟုတ်တာ...အရမ်းအေးတယ်"

"ကိုယ့်အပြုအမူတွေ ပြောင်းလဲသွားပေမဲ့မင်းကကိုယ့်အတွက် အရင်တုန်းကလည်း ပထမပဲခုလည်းပထမပဲ"

"ဒါဆို ဝတ်လွှာဆိုတဲ့တစ်ယောက်ကရော"

သူမ သဝန်တိုနေမှန်းသိ၍ ဖျတ်ခနဲ ပြုံးလိုက်၏။

My Lovely Book 📖(Complete)Where stories live. Discover now