Part 13

3.9K 95 4
                                    

Unicode

အပိုင်း - ၁၃

ခတ် CEO ကိုမတွေ့အောင်ရှောင်နေသည်မှာ တစ်ပတ်လောက်ရှိပြီ။ဟိုတစ်နေ့က ကိစ္စပြီးကတည်းက ရှက်လွန်းလို့ မျက်နှာချင်းမဆိုင်ရဲပေ။

ခတ်ဘဝမှာ ရုန်းကန်လှုပ်ရှားရင်း အချိန်တွေကုန်ခဲ့ရတဲ့အတွက် *ဖို ဆိုလို့ ယင်ဖိုတောင် မသမ်းဘူးပါ။
ဖြစ်မယ့်ဖြစ်တော့ CEO ကိုမှ kiss ပေးမိခဲ့၏။

💮💮💮💮💮💮💮💮💮💮💮💮

စာအုပ်လေးကို ‌သူ ချောင်းနေသည်မှာ ( 3) ရက်ရှိပြီ။‌မြင်နေရက်နဲ့ သူ့မှာ စကားပြောခွင့်မရနိုင်ဘဲ ဖြစ်နေ၏။
မရွှေချောက သူ့ရုံးစားပွဲမှ လုံးဝမထချေ။

ရုံးထဲမဟုတ်တဲ့အချိန်ဆို သူ့ဘေးမှာ တစ်ယောက်ယောက်ကတော့ ရှိနေတတ်သည်။

(ငြားကို ဒါမျိုးလာစမ်းလို့ ဘယ်ရမလဲ။
မင်းက ကိုယ့်အပိုင်ပဲ။မပိုင်လည်း ပိုင်အောင်လုပ်မှာ)

💮💮💮💮💮💮💮💮💮💮💮💮

မန်နေဂျာ ဦးထက်မြတ်ဇော် meeting room မှ ထွက်လာခဲ့၏။

"ပြောစရာရှိတယ်ဟေ့"

"ဟုတ်ဂျာကြီး"

"Mr. Edward က Personal Secretary ခန့်ချင်တယ်တဲ့။

ဒါပေမဲ့ အသစ်လည်း ထပ်မခန့်ချင်တဲ့အတွက် ဒီ company ကပဲ ပြန်ရွေးချယ်မယ်လို့ ပြောတယ်"

"အိုး ကျွန်မ လုပ်မယ်လေ ဂျာကြီး"

"Me ရော me လည်း လုပ်နိုင်တယ်"

"ကျွန်မလည်း လုပ်နိုင်တယ်ဂျာကြီး။ Mr. အတွက်ဆို အရိုးကျေကျေ အရေခန်းခန်း အသားပါပါ လုပ်နိုင်တယ်။ ဟီးဟီး"

ထုံးစံအတိုင်း ဂျာကြီးစကားမဆုံးသေးခင် မြညိုတို့အဖွဲ့မှ ထပြောကြလေသည်။

"နေကြပါဦး။ လက်ပံပင် ဇရက်(ဆက်ရက်) ကျနေသလိုပဲ။ငါ့စကားဆုံးအောင် ပြောပါရစေဦး"

"ပြောမနေပါနဲ့တော့ ဂျာကြီးရာ။သမီးနာမည်သာ စာရင်းပေးလိုက်"

"ဟာ ဒီနှာဘူးမက တစ်မျိုး"

"ဝါးးဟားးဟား။ ခစ် ခစ် ခစ်"

ခတ်တို့စာရင်းအင်းဌာနက ပျော်စရာကောင်းပါသည်။မိသားစုလိုမျိုး စ ကြ နောက်ကြ အလုပ်ကိုလည်း တာဝန်ကျေပွန်အောင် လုပ်ကြတဲ့အတွက် စကားပြောရမှာလည်း သာတယ်နာတယ် မတွက်ကြချေ။

My Lovely Book 📖(Complete)Where stories live. Discover now