Unicode
အပိုင်း - ၂၈
⏰ မနက် ၆ နာရီထိုးသည်နှင့်
ခတ် ဖရိုဖရဲဖြင့်အိပ်ရာမှထဖို့ပြင်၏။"ဒါကဘယ်သွားမလို့လဲ"
"အခန်းပြန်မလို့။အန်တီမြိုင်မနိုးခင်ပြန်ရမှာ"
"ဘာဖြစ်လို့လဲ"
"သိသွားမှာစိုးလို့ပေါ့ရှင်"
"သိတော့ ဘာဖြစ်လဲ"
သူကတော့ ဇိမ်ပြေနပြေနဲ့ကို မေးနေတာ။ခတ်မှာဖြင့် သူ့ကိုဖြေရတာ စိတ်မရှည်နိုင်တော့ပေ။
"တော်ပြီ ရှင်နဲ့ပြောနေဖို့ အချိန်မရှိဘူး။ဖယ်....."
"မင်းက ဒီပုံစံနဲ့ပြန်မှာပေါ့"
သူမေ့ငေါ့ပြရင်း ပြောလိုက်သည်။
ခတ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အင်္ကျီဆိုလို့သူ့ရှပ်အင်္ကျီတစ်ထည်တည်းသာရှိ၏။အဲ့ဒါကလည်း ကြယ်သီးကအပေါ်တစ်လုံး အောက်တစ်လုံးပြုတ်နေပြန်သည်။"ခတ်အဝတ်အစားတွေ ပြန်ဝတ်သွားမှာ"
"ကိုယ်ပြောတာ အဲ့ဒါမဟုတ်ဘူး။
လာ-----ပြမယ်"သူ့ထက်ခန့်ငြား ခတ်ကိုဆွဲခေါ်၍ မှန်ရှေ့မှာရပ်ပြသည်။
"အိုး ရင်ဘတ်တွေ လည်ပင်းတွေမှာအနီကွက်တွေ "
"မြင်လား ။အဲ့ဒါ ကိုယ်ပေးခဲ့တဲ့ အချစ်တံဆိပ်လေးတွေ"
"Mr. ရှင် တအားဆိုးတာပဲ။ဒီပုံစံနဲ့
ခတ် ဘယ်လိုပြန်ရတော့မှာလဲ""ကိုယ်စီစဉ်ပေးမယ်။ခဏစောင့်"
သူ ဖုန်းထုတ်လိုက်ပြီး
"Hello ဒေါ်မြိုင် နိုးပြီလား"
"-------------------"
ခန့်ငြား ဒေါ်မြိုင့်ဆီ ဖုန်းဆက်ပြီး ကလေးကိုမူကြိုလိုက်ပို့ဖို့ ပြောလိုက်လေသည်။
"ကဲ ပြီးပြီ။သူတို့ထွက်သွားမှ စာအုပ်လေးက အဝတ်အစားပြန်လဲ သန့်ရှင်းရေးလုပ်ပေါ့"
"အင်းအဲ့ဒီလိုပဲကောင်းပါတယ်။
သမီးလေးကတော့ ခတ်ကို မတွေ့
ရလို့ စိတ်မကောင်းဖြစ်နေမှာပဲ""အဲ့ဒါဆို ဖုန်းပြောမလား"
"တော်ပါပြီ Mr.ရယ်။ညနေမှ ချော့လိုက်တော့မယ်"
YOU ARE READING
My Lovely Book 📖(Complete)
Spiritualကျွန်တော်က ကျွန်တော့်ကောင်မလေးကို *စာအုပ်လေး* လို့ ချစ်စနိုးခေါ်တယ်။ လောကမှာ ဘယ်လောက်ပဲ ပြီးပြည့်စုံတဲ့ မိန်းကလေးဖြစ်နေပါစေ လိုအပ်ချက် တစ်ခုတော့ ရှိတာပဲဗျ။ စာအုပ်လေး လိုအပ်တဲ့အရာက ကျွန်တော်ပါ။ သူ့ထက်ခန့်ငြား မေ...