Final

8.3K 147 10
                                    

Unicode

Final

2 နှစ်ကြာပြီးနောက်

"မိန်းမရေ"

"ဟော ဒယ်ဒီပြန်လာပြီ"

(6) နှစ်အရွယ် ရင်ငြိမ်းအေးလေးက ထွက်ကြိုသည်။

"သမီးကြီး အမေရော"

"မေမေ ဝရန်တာမှာ စာရေးနေတယ်ဒယ်ဒီ"

"မိန်းမရေ"

သူ့ထက်ခန့်ငြား တကြော်ကြော်ခေါ်ရင်း ရောက်လာသည်။အလုပ်ကပြန်လာလို့ မိန်းမမျက်နှာ မမြင်ရလျှင် သူ့မျက်နှာက အလိုလိုပုပ်ချင်လာသည်။

"မိန်းမကကွာ ကိုယ့်ကိုထလည်းမကြိုဘူး"

သူ ဘုဆတ်ဆတ်ပြောလိုက်၏။

"အဟီး။ခတ် ဈာန်ဝင်သွားလို့ပါ ယောက်ျားရယ်"

"စာရေးတာလည်း ရပ်သင့်ပြီလို့ထင်တယ်နော်။ကိုယ့်ကြည့်တော့ မပေါ့မပါးကြီးနဲ့"

"အင်းပါ Mr. ရဲ့။ဒီအပုဒ်ရဲ့ ဇာတ်သိမ်းလေးရေးပြီးတာနဲ့ ရပ်တော့မှာပါ"

"ဇာတ်က ဘယ်တော့သိမ်းမှာလဲ"

"ဒီမှာလေ ပြဿနာတွေ အားလုံးရှင်းသွားတဲ့အခန်းရောက်နေပြီ။ဘုတ်အဖွဲ့ အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ ဒီလူကသူ့ညီမရဲ့မကောင်းမှုကြောင့် သူ့ရဲ့ Sharer တွေကို လျော်ကြေးပေးခဲ့ရတယ်။ သူ့ညီမဖြစ်တဲ့ Villain မင်းသမီးကလည်း နိုင်ငံခြားကိုအပြီးပြောင်းသွားတယ်လေ"

"ပြီးတော့ရော"

"ပြီးတော့.....
သတင်းစာရှင်းလင်းပွဲမှာ CEO က သူ့ရဲ့ Secretary ကိုလက်ထပ်ခွင့်တောင်းတဲ့အခန်းလေးရေးရင်း ဇာတ်သိမ်းမလို့"

"ဟင် ကိုယ်လက်ထပ်ခွင့်တောင်းတုန်းက ပုံစံကြီး"

"အင်းလေ ခတ်တို့အကြောင်း ရေးထားတာပဲကို"

"ဟာ ကိုယ့်ရဲ့ဇွတ်တရွတ်ဆန်တာတွေ ပါကုန်မှာပေါ့"

My Lovely Book 📖(Complete)Where stories live. Discover now