Part 21

3.9K 86 0
                                    

Unicode

အပိုင်း - ၂၁

ခတ် ရေချိုးပြီး တဘက်လေးပက်၍ ထွက်လာသည်။

"မေမေ့ "

"ဟော သမီးတောင်နိုးနေပြီပဲ"

"မေမေ"

"ရှင် ရှင့်"

"မေမေရဲ့ ချိုချိုနားက နီနီကြီးတွေက ဘာတွေလဲ။လည်ပင်းမှာရောပဲ။ နာနာတွေလား"

"ဟင်"

ခတ် မျက်လုံးပြူးသွားပြီးမှန်နား အပြေးလေးသွားကြည့်၏။

(သွားပြီ။ သွားပြီ။ ငြားအစုတ်ပလုတ်။
မနေ့ညက စိတ်ရှိတိုင်း သောင်းကြမ်းထားတာ။ခုတော့ ဘယ်လိုလုပ်ရပါ့မလဲနော်)

လည်ပင်းမှာရော ရင်ဘတ်နားမှာရော
အနီကွက်…..အနီကွက်တွေဆိုတာ မြင်မကောင်းအောင် ရှိနေသည်။

"ဟင် မေမေ နာနာတွေပေါက်နေတာလား"

"ဟို သမီးရယ်။ မနေ့ညက မေမေခြင် ကိုက်ခံရလို့ ယားတော့ကုတ်မိသွားတာ။

သွားသွား မျက်နှာသစ် သွားတိုကချေနော်။မေမေ မနက်စာ ပြင်ထားမယ်"

"ဟုတ် မေမေ"

(သမီးလေးကလည်းနော် မြင်သွားရတယ်လို့။ရေချိုးခန်းသွားခါနီး မချောက ပြောသွားသေးတယ်)

"ဟွန့် ဒီခြင်ကလည်း မေမေ့ကိုမှ ဘာလို့ ကိုက်ရလဲမသိဘူး နော်" တဲ့

မနေ့ညက ငြား သိပ်ဆိုးလွန်း၏။
ရှေ့ဆက်မတိုးဘူးဆိုတဲ့ ကတိတစ်ခုကလွဲရင် ကျန်တာစိတ်ရှိသလို ပြုမူနေခဲ့သည်။

(မဖြစ်သေးပါဘူး။ဒီနေ့တော့ လည်ပင်းအထိစေ့တဲ့ အင်္ကျီကို ထပ်ဝတ်သွားမှရမယ်။ဟူး မလွယ်ဘူး)

💮💮💮💮💮💮💮💮💮💮💮💮

(Meeting Room ထဲတွင်)

"ကဲ အားလုံးပဲ ဒီနေ့အစည်းအဝေးမှာ ကျွန်တော်ပြောချင်တာကတော့ ဒီလောက်ပါပဲ။

"တခြား တင်ပြချင်သူများရှိရင် တင်ပြနိုင်ပါတယ်"

✋✋✋✋

"ဟုတ်ကဲ့ပြောပါ"

"Company က အမျိုးသမီးအိမ်ထောင်သည်ဝန်ထမ်းတွေ မီးဖွားခွင့်ယူတဲ့အခါ ခွင့်ရက်တိုးပေးဖို့ တင်ပြထားတာကြာပါပြီ Mr. Edward။

My Lovely Book 📖(Complete)Where stories live. Discover now