Part 24

3.7K 87 0
                                    

Unicode

အပိုင်း - ၂၄

ခတ် စာအုပ်ဈေးပွဲတော် သွားချင်သောကြောင့် ရုံးမှနေ့တစ်ပိုင်းခွင့်ယူခဲ့သည်။

"အန်တီမြိုင် သမီးလေးကို မူကြိုသွားကြိုပေးပါလားရှင်။ကျွန်မ စာအုပ်ဈေးပွဲတော်လေးသွားချင်လို့"

"ရတယ် ငါ့တူမ။အန်တီသွားကြိုပြီး အိမ်မှာ အဆာပြေမုန့်လေးကျွေးထားလိုက်မယ်"

"ကျေးဇူးပါ အန်တီမြိုင်ရယ် ။အန်တီမြိုင်ရှိလို့သာ ကျွန်မမှာ စိတ်ဖြောင့်ဖြောင့်နဲ့ အလုပ်လုပ်နိုင်တာပါ"

"ရပါတယ်ကွယ်။အန်တီမြိုင်လည်း အလုပ်လေးရတော့ လှူချင်တန်းချင်တာလေး အဆင်ပြေနေလို့ တူမကြီးကို ကျေးဇူးတင်နေတာ"

ခတ်မှာတော့ ငြားကျေးဇူးကြောင့် အန်တီမြိုင့်ကို ရဲရဲကြီးအားကိုးခွင့်ရပြီး အလုပ်ကို ဖြောင့်ဖြောင့်လုပ်နိုင်ပါသည်။

ငြားက ဒီနေ့ဆေး Company အသင်းများအဖွဲ့နဲ့ Conference လုပ်ရန် MD နဲ့သွားသည်။

ခတ် ခွင့်ယူတာ မသိသေးပေ။ခတ်ကလည်း သူအလုပ်ရှုပ်နေမယ်ထင်၍ စာလေးတစ်စောင်တောင်မျှ ပို့မထားပါ။

💮💮💮💮💮💮💮💮💮💮💮💮

*စာအုပ်ဈေးရောင်းပွဲတော်*

ခတ် စာအုပ်တွေ မဖတ်ဖြစ်တာကြာပြီ။
မှတ်မှတ်ရရဆို ငြားနဲ့တွေ့ပြီးကတည်းကပါပဲ။အရင်တုန်းကတော့ သမီးလေးကိုဖတ်ပြရင်း ခတ်လည်း အမြဲဖတ်ဖြစ်ခဲ့သည်။

ဒီပွဲတော်လေးကိုတော့ စကြေငြာတာ မြင်ကတည်းက လာဖို့အားခဲထားတာ ကြာပြီ။

💮💮💮💮💮💮💮💮💮💮💮

စာပေကို ချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ဈေးရောင်းပွဲတော်မှာ မြင်သမျှတွေ့သမျှစာအုပ်တွေက လိုချင်စရာများသာဖြစ်၏။

(ဂန္တဝင်ဝတ္ထုများ၊ စိတ်ကူးယဉ်ဝတ္တုများ၊ သုတရသစာပေများ၊ဟာသ၊ ရုပ်ပြ အို အစုံပါပဲလား)

ခတ် ‌လျှောက်ကြည့်ရင်းငေးရင်း ဖတ်ရင်း အချိန်ကုန်မှန်းတောင်မသိလိုက်ပေ။ပြန်ဖို့နာရီကြည့်မိတော့ အချိန်တောင် အတော်နောက်ကျ၍ နေလည်းစောင်းပြီ။ခတ်လက်ထဲမှာလည်း အိတ်နှင့်ထုပ်ထားသည့် စာအုပ်တွေကအပြည့်။

My Lovely Book 📖(Complete)Where stories live. Discover now