Part 19

3.8K 98 2
                                    

Unicode

အပိုင်း - ၁၉

ဝိုင်ခွက်ကို ကိုင်ထားသော်လည်း မသောက်ဖြစ်သေးဘဲ ခတ်တစ်ယောက်တည်း ငေါင်စင်းစင်းဖြစ်နေသည်။

"ညီမလေး ကိုယ်နဲ့တစ်ခွက်လောက်သောက်ပါ့လား"

"ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ ကျွန်မ မသောက်တတ်လို့ပါ"

"တစ်ခါလောက် အဖော်ပြုပေးဖို့ ဘာမှ မခက်ခဲဘူးထင်ပါတယ်နော်"

"ကျွန်မ တကယ် မသောက်တတ်လို့ပါလူကြီးမင်း"

"လာပါ။ရော့"

"ရှင်‌နော် မမိုက်ရိုင်းနဲ့။ကျွန်မ လက်ကို လွတ်"

"သူက မသောက်တတ်ဘူးလို့ ပြောနေတယ်လေ။မင်းလွှတ်လိုက်ရင် ကောင်းမယ်"

***အ "အ "

ခန့်ငြား ထိုလူရဲ့လက်ကို ဖိချေပစ်လိုက်သည်။

"မိန်းကလေးက ငြင်းနေရင် မင်းအလိုက်သိမှပေါ့"

"Mr ပြန်လာပြီပေါ့"

"အင်း။ကိုယ်တို့ နှုတ်ဆက်ပြီး ပြန်ကြစို့"

"ဟေးးးးခန့်ငြား။
It's been a long time"

"ဝတ်လွှာ"

"ဟုတ်ပ။ရှင့်ရဲ့ ဝတ်လွှာလေးပါနော်"

ခန့်ငြားစိတ်ရှုပ်သွားသည်။

"ဘယ်လိုလဲ။လွှာ့ကို မေ့သွားပြီလား"

"မင်း ဘယ်တုန်းက ပြန်ရောက်တာလဲ"

"ခန့်ငြားခေါ်တဲ့အထိ မစောင့်နိုင်တော့လို့ ပြန်လာရ‌တာပေါ့လို့"

"Mr ခတ် ပြန်တော့မယ်။ အေးအေး ဆေးဆေးမှ လိုက်ခဲ့ပါ။ Taxi ပဲ ငှားပြန်လိုက်တော့မယ်။"

ခတ် သူတို့နှစ်ယောက်ရဲ့ အလွမ်းသယ်နေပုံတွေကို မမြင်ချင်တော့၍ Mr ကိုပြန်ဖို့နှုတ်ဆက်လိုက်၏။

"ဟာ ဟေ့ နေဦးလေ။မသွားနဲ့"

"လာပါ ခန့်ငြားရဲ့။လွှာနဲ့ မတွေ့ရတာကြာနေပြီကို တစ်ခွက်လောက်သောက်ရအောင်"

ခန့်ငြား ဝတ်လွှာလက်ကို ဖြုတ်ချဖို့ပြင်နေစဉ်

"Hi Mr. Edward ပြန်တော့မလို့လား"

My Lovely Book 📖(Complete)Where stories live. Discover now