Part 8

3.7K 100 2
                                    

Unicode

အပိုင်း - ၈

ကံကြမ္မာအလှည့်အပြောင်းဆိုတာ သိပ်ကြောက်ဖို့ကောင်းပါသည်။မမကြီးက ဆယ်တန်းမအောင်သလို အမေ့ရဲ့ဖဲကြွေးတွေကြောင့် ခတ်တို့အိမ်နှင့်ခြံလေးကို ရောင်းပြီး ကွက်သစ်ထဲမှာ အိမ်ငှားနဲ့နေခဲ့ရသည်။

အဖေကလည်း အမေနဲ့အဆင်မပြေတော့ နောက်မီးလင်း၍အိမ်ကို ပြန်လာတစ်ချက် မလာတစ်ချက်ဖြစ်နေ၏။

ပိုက်ဆံလည်း သူပေးချင်မှ ပေးတော့သည်။အဖေက မောင်ရင်ထွေးကိုတော့ သိပ်ချစ်တာမို့ အဖေအိမ်လာချိန်ဆိုလျှင် မမကြီးနဲ့ခတ်ကို မုန့်ဖိုးမပေးသော်လည်း မောင်ရင်ထွေးကိုတော့ ပစ်မထားခဲ့ပေ။

💮💮💮💮💮💮💮💮💮💮💮💮

"ရှင်က မယားငယ်ကို စင်ပေါ်တင်ချင်တော့ ကျုပ်ကိုကန်ထုတ်ချင်ပြီပေါ့"

"မင်းကို ငါ ကောင်းကောင်းမွန်မွန် ရှာကျွေးခဲ့တုန်းက မင်းလိမ္မာခဲ့သလား"

"မဆိုင်ပါဘူး။ခြံခုန်ချင်တဲ့နွားက ခုန်မှာပါပဲ"

"အ‌ပိုတွေပြောမနေနဲ့ ။ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေး။သားကို ငါခေါ်သွားမယ်"

"မထိုးနိုင်ပါဘူး။သားကိုလည်း ခေါ်သွားစရာမလိုဘူး"

"မထိုးပေးရင် ငါ သူ့ကို ဒီအိမ်ပေါ်ခေါ်လာမယ်"

"ရှင်မယုတ်မာနဲ့။ရှင့်မှာ သမီးအပျိုလေးတွေရှိတယ်။ဘာကိစ္စ မယားငယ်ကို အိမ်ပေါ်ခေါ်တင်ရမှာလဲ"

"မတင်စေချင်ရင် မင်းလက်မှတ်ထိုးပေး။မင်းလည်း ငါ့ထက် ဖဲကိုပိုစိတ်ဝင်စားနေတာပဲ။အပိုတွေပြောမနေနဲ့"

"ဒီအတိုင်းတော့ ထိုးမပေးနိုင်ဘူး။
ကျုပ်ကို နစ်နာကြေးပေးရမယ်။မပေးရင် တရားစွဲမယ်။လျော်ကြေးတောင်းမယ်။ရှင်က ဖောက်ပြန်တဲ့သူပဲ"

အဖေနဲ့အမေ စကားအချေအတင်ပြောနေသမျှ ခတ်တို့ညီအမနှစ်ယောက်
လိုက်ကာအကွယ်မှနေ၍ ချောင်းကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

💮💮💮💮💮💮💮💮💮💮💮💮

အဖေက မောင်ရင်ထွေးကိုခေါ်၍ အိမ်ပေါ်မှ ဆင်းသွားခဲ့ပါသည်။အဖေ့ကို ခတ်စိတ်မနာပါ။လူကြီးတွေရဲ့ ကစားပွဲမှာ ခတ်တို့သားသမီးဆိုတာ သူတို့ကြိုးဆွဲရာကတဲ့ ရုပ်သေးရုပ်သာသာပါပဲလေ။

My Lovely Book 📖(Complete)Where stories live. Discover now