Part 10

4.1K 102 3
                                    

Unicode

အပိုင်း - ၁၀

ခတ်တို့ မျှော်လင့်ထားသလို အသက်ကြီးကြီး ဗိုက်ရွှဲရွှဲ CEO မဟုတ်ပါ။6 ပေနီးပါးအရပ်အမောင်း၊ဖြူဝင်းနေတဲ့အသားအရေနှင့် ဘေးတိုက်‌မြင်နေရတာတောင် ဖြောင့်စင်းနေသည့် နှာတံ၊ခန္ဓာကိုယ်ကို မတ်မတ်ထားပြီး ဘောင်းဘီအိတ်ထဲ လက်ထည့်လမ်းလျှောက်လာပုံက
တိုတိုပြောရရင် မြင်တာနဲ့ကို ပစ်ကြွေရလောက်သည့် Style မျိုးပါ။
ခတ်ကိုယ်တိုင် ရန်စွာခဲ့တဲ့ သူဌေးသား လူပေါ်ကျော့က CEO ဖြစ်နေ၍ ခတ်မှာ CEO ကိုမြင်ပြီး ကြက်သေသေသွားသည်။ခတ်က အခုချိန်ထိ သူ့ကုတ်အင်္ကျီတောင် မချွတ်ရသေးပေ။

CEO အသစ်လာလို့ ခတ်တို့ကိုယ့်အလုပ်စားပွဲနားကနေပဲ အသိအမှတ်ပြုသည့်အနေဖြင့် မတ်တတ်ရပ်ပြီး ကြိုကြပါသည်။

"ဘုရားဘုရား ခတ် ကိုမမြင်ပါစေနဲ့။
မကြည့်နဲ့ မကြည့်နဲ့ ဒီဘက်ကို မကြည့်နဲ့"

စိတ်ထဲကနေ ဘယ်လောက်ဘုရားတနေပါစေ ခတ် ဆုတောင်းမပြည့်ပါ။သူ ခတ်ကို မြင်သွား၏။

မကြာသေးမီကမှ ရန်ထောင်ခဲ့တာဆိုတော့ ခတ်မှာ ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ ရှက်အမ်းအမ်း ဖြစ်လို့နေ၏။

သူက ခတ်ကိုမြင်တော့ မျက်ခုံးနှစ်ဖက်မြင့်တက်သွားပြီး နှုတ်ခမ်းထောင့်စွန်းလေးက ပြုံးယောင်သမ်း သွားပါသည်။ဒါပေမဲ့ ခဏလေးပါပဲ။ ချက်ချင်း မျက်နှာတည်သွား၏။

"ချောလိုက်တာဟယ်"

"ဟုတ်တယ်နော်။ အမယ်လေး ငါရင်တွေ ခုန်ပါပြီဟယ်"

"အရပ်ကြီးကလည်း အားကိုးချင်စရာကြီးအဟိ"

ခတ်တို့ စာရင်းအင်းဌာနမှာ အမ မြညိုတို့အုပ်စုကအဆိုးဆုံး အကဲဆုံး အရွဆုံးလို့ပဲ ပြောရမလား မသိ။

"နင်တို့ မိန်းကလေးတွေ အဲ့ဒါပဲ။
ဘူးစရာမရှိ ကိုယ့်သူဌေးတောင် ပြန်ဘူးကြမယ့် ဟာ‌တွေ"

"ဂျာကြီးကလည်း"

"ဂျာကြီးကလည်း လုပ်မနေနဲ့ ။ ဒီနေ့ Order တွေအတွက် သေချာစာရင်းလုပ်ကြ။ငါ CEO ဆီ သွားမိတ်ဆက်လိုက်ဦးမယ်"

"ဂျာကြီး ကျွန်မ လိုက်မယ်"

အမမြညိုက ထပြောသည်။

My Lovely Book 📖(Complete)Where stories live. Discover now