Part 4

4K 98 0
                                    

Unicode

အပိုင်း - ၄

"ရင်ခတ်ပန်း"

"ရှင်အဖေ"

"နင့်ဆရာမကို နောက်တစ်ခါ ပြောထား။ငါတို့က အားနေတာမဟုတ်ဘူး။ခဏတိုင်း မခေါ်နဲ့လို့ ကြားလား"

"ဟုတ်ကဲ့"

"အရောင်းအဝယ်တွေက မတည့်ရတဲ့အထဲ နင့်အတွက်ပါလိုက်ပြီး အရှုပ်တွေ လိုက်လုပ်ပေးနေရတယ်။

ဒီကြားထဲ နင့်အမေက တစ်မျိုး။
ဖဲကြွေးတွေက လည်ပင်းအစ်နေပြီ"

"ကျုပ်ဘက် လှည့်မလာပါနဲ့။ကျုပ်ဖဲနိုင်လာတုန်းကတော့ တော်တို့ပဲဝိုင်းမျိုကြတာမဟုတ်ဘူးလား"

"မင်း ဘာစကားပြောတာလဲ"

"မှန်တာပြောလို့ နာသွားတာလား"

"ငါ -ိုး မ မိန်းမကတော့"
"ကျုပ်ကို လာမဆဲနဲ့။
‌ရှင့်ထက် နှစ်ဆရိုင်းတတ်တယ်"

"ဆဲတော့ ဘာလုပ်ချင်လဲကွာ"

"ဒုန်း ဝုန်း။ ခွမ်း -------------"

"-----------------------------------"

ဒီလိုပါပဲ။
ဒီလိုရန်ပွဲမျိုး ခတ်အတွက်က မြင်နေကျမို့ မထူးဆန်းတော့ပါ။ခြံထဲဆင်းခဲ့ပြီးကိုကိုကြီးရှိမလား ချောင်းကြည့်မိသည်။

"ကိုကိုကြီး"

"ခတ်ကလေး လာလေ"

"ကိုကိုကြီး ဘာစာအုပ်တွေ ဖတ်နေတာလဲ"

"ဒီမှာ‌လေ
ဆရာမခင်ခင်ထူးရေးထားတဲ့ *ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ ကြိုမယ်* ဆိုတဲ့စာအုပ်လေး တော်တော်ဖတ်လို့ကောင်းတယ်။ခတ်ရော ဖတ်ဦးမလား။ကိုကိုကြီးပြီးရင်ငှားမယ်လေ"

"ခတ် ဆရာမရဲ့ *မအိမ်ကံစာအုပ်ကို မပြီးသေးဘူး ကိုကိုကြီးရဲ့"

"ဒါနဲ့ ကိုကိုကြီးကို ပြောစရာရှိလို့လား"

"မဟုတ်ပါဘူး။အိမ်ပေါ်မှာ နားငြီးလို့"

"ရန်ဖြစ်နေကြပြန်ပြီလား"

"ဟုတ်တယ်။ ဆရာမက ‌အဖေ့ကို ကျောင်းခေါ်ပြီး စကားပြောတာကနေ စ စကားများကြတာပဲ"

"ခတ်ကလေးရော ကျောင်းမှာ စာလိုက်နိုင်လား"

"ခတ်က မလိုက်နိုင်စရာမရှိပါဘူး"

My Lovely Book 📖(Complete)Where stories live. Discover now