Part 18

3.8K 88 0
                                    

Unicode

အပိုင်း - ၁၈

သူ့ထက်ခန့်ငြား ဖုန်းကိုကြည့်ရင်း စောင့်နေမိတာ ဘယ်လောက်ကြာသွားမှန်းတောင်မသိ၊ ခတ်အနားရောက်လာတာကိုမသိလိုက်ပေ။

"Mr."

သူမော့ကြည့်ပြီးနောက် ငေးခနဲဖြစ်သွားသည်။အရိုးဆုံးက အဆန်းဆုံးဆိုတာ သိပ်မှန်တာပဲ။အနက်ရောင် ဂါဝန်အရှည်လက်ပြတ်လေးနဲ့ ရင်ညွှန့်နေရာ မပေါ်အောင် Crossing လေးပါတာကိုက ဆွဲဆောင်မှုတစ်မျိုးပဲ။

သူ့ရဲ့ စာအုပ်လေးက လှလွန်း‌နေ၏။

"အဟမ်း အဟမ်း .မျက်တောင်ခတ်ဦးလေ ချစ်ဆုံးလေး။မာမီ့လက်ရာ ဘယ်လိုလဲ။လှတယ်မှတ်လား"

"မဆိုးပါဘူး"

"ဟယ် ဒီလောက် ကြွေရုပ်လေးလို လှသွားတာကို မဆိုးပါဘူးတဲ့လား"

"နောက်မှ လာမယ်မာမီ။ပွဲချိန်နီးနေပြီ"

"ဟုတ်ပြီ။ဟုတ်ပြီ"

💮💮💮💮💮💮💮💮💮💮💮💮

Dinner က စားချင်တာမှန်သမျှ ကိုယ်တိုင်ထည့်စားရတဲ့ ဘူဖေး (Buffet) စနစ်ဖြစ်သည်။

ဧည့်သည်တော်အများစုမှာ စီးပွားရေးလုပ်ငန်းရှင်များသာဖြစ်၍ ကိုယ့်အစုလေးနှင့်ကိုယ် စကားပြောနေကြသည်။

"ဟော
Mr. Edward ကျွန်တော့်မွေးနေ့ကို တက်ရောက်ပေးတာဝမ်းသာတယ်ဗျာ"

မွေးနေ့ရှင်မှ ဆီးကြိုပြီး လက်ဆွဲနှုတ်ဆက်၏။

"စိတ်ကြိုက်သုံးဆောင်ကြပါ။
အားမနာကြနဲ့နော"

💮💮💮💮💮💮💮💮💮💮💮💮

⏰⏰⏰⏰⏰

Mr ကခတ်အနားကပ်၍ တိုးတိုးလေးပြောပြီးနောက် ထွက်သွားခဲ့သည်။
ခတ်လည်း မျက်လုံးဝေ့ကစားလိုက်၏။

သုတ်သီးသုတ်ပျာနဲ့ Mr တို့နောက်ကို လိုက်ဖို့ပြင်နေတဲ့ Mr ရဲ့ပြိုင်ဘက် Company ကဦးရဲထွဋ်ခေါင်ဆိုသူကို တွေ့ရသည်။

ကဲ  ခတ်လုပ်ငန်း စသင့်ပြီ။
ဝိုင်တစ်ခွက်ယူပြီး...

"အင့် "

"ဟာသွားပါပြီ "

"အိုး Sorry ပါရှင်။တောင်းပန်ပါတယ် ကိုကြီးရယ်။ခတ်မမြင်လို့ပါ"

My Lovely Book 📖(Complete)Where stories live. Discover now