Part 23

3.5K 87 0
                                    

Unicode

အပိုင်း - ၂၃

Edward group*

"CEO မှာ ရည်းစားရှိတယ်လို့ မကြားမိပါဘူး"

"ဟုတ်ပ ငါရောပဲ"

"ဟဲ့ သူ့ကောင်မလေးမျက်နှာက သေချာလည်း မမြင်ရဘူးနော်"

"အေးဟ ပုံကဝါးနေတာ"

မနေ့ညက CEO နဲ့ သူ့ရဲ့လျှို့ဝှက်ချစ်သူတို့ နမ်းနေကြတယ်ဆိုသည့် သတင်းမှာ Social Media ပေါ်ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သည်။

ရုံးတွင်လည်း ထိုအကြောင်းကိုပဲပြောနေကြပြန်သည်။

"ဟုတ်ပ သူ့ကောင်မလေးကို သေချာကာကွယ်ပေးထားတာပဲ"

မနေ့ညက ခန့်ငြား  ဝတ်လွှာကိုတစ်ယောက်တည်း ထားသွားခဲ့တာကိုလည်း စိတ်ကမကျေနပ်၍ ဒေါသက ပေါက်ကွဲချင်နေသည်ကို ရုံးရောက်တော့လည်း ဒီအကြောင်းတွေပဲကြားနေရတာမို့ နားကမခံနိုင်တော့ပြီ။

"ဖြန်း"

လွှာ့လက်ထဲက ဖိုင်တွဲနဲ့ စားပွဲကိုရိုက်ချ၏။

"နင်တို့မှာ လုပ်စရာအလုပ် မရှိကြဘူးလား။ဒီလောက် ပါပါရာဇီဖြစ်ချင်နေရင် ဒီမှာဘာလို့ လာလုပ်နေသေးလဲ။ဟမ် .

နင်တို့အပေါက်တွေကို နင်တို့ဟာ  နင်တို့ ပိတ်မလား ငါလာပိတ်ပေးရမှာလား"

-----------------------------------------------

ရုံးအတွင်း အပ်ကျသံမျှ မကြားရအောင် တိတ်ဆိတ်သွားသည်။
လွှာ့ဒေါသကို ထိန်းမထားနိုင်ဘဲ စိတ်ရှိတိုင်း ဝန်ထမ်းတွေကို အော်ဟစ်ပစ်၏။

"ဘာရပ်လုပ်နေကြတာလဲ။ကိုယ့်အလုပ်ကိုယ်လုပ်လေ"

ဝန်ထမ်းတွေ အလျှိုလျှိုနဲ့ထွက်သွားကြပြီ။‌လွှာ ဒေါသဖြစ်ဖြစ်နဲ့ ခန့်ငြားရှိတဲ့ ရုံးခန်းဆီ တက်လာခဲ့သည်။

"Morning ပါ MD"

ခတ်  လွှာတက်လာတာကိုမြင်တော့ နှုတ်ဆက်လိုက်၏။ဝတ်လွှာ ရင်ခတ်ပန်းကို စေ့စေ့ကြည့်ပြီး

"ဒေါင်းဆိုတဲ့အမျိုးက ရှေ့ကကြည့်ရင်တော့ သိပ်လှတယ်။‌တချို့သူတွေကလည်း သူတို့ကိုယ်သူတို့ ဒေါင်းလိုပဲ လှတယ်လို့ထင်တတ်ကြတယ်လေ။
ဒါပေမဲ့ နောက်ကကြည့်ရင် ဖင်ပြောင်နေတာပေါ့။ခစ်...ခစ်...."

My Lovely Book 📖(Complete)Donde viven las historias. Descúbrelo ahora