Part 9

3.8K 105 1
                                    

Unicode

အပိုင်း - ၉

သူမြန်မာပြည်လေဆိပ်ကို ခြေချလိုက်မိသည်နှင့်ပထမဆုံး သတိရမိသွားတာက သူ့ဘဝရဲ့ ပထမဆုံးသူငယ်ချင်းလေး စာအုပ်လေးကိုဖြစ်သည်။
မြန်မာပြည်ကို မပြန်တာ 15 နှစ်တောင်ရှိခဲ့ပြီ။

စာအုပ်လေးရော ဘယ်တွေရောက်လို့ ဘာတွေများလုပ်နေပါလိမ့်..ကံမကုန်ရင်တော့ ပြန်ဆုံကြမည်သာ။

💮💮💮💮💮💮💮💮💮💮💮💮

ရန်ကုန်မြို့ Bus ကားမှတ်တိုင်တွင်

"ဒီနေ့မှပဲ ကားက ပိတ်ရတယ်လို့နော်။
သမီးကလည်း မူကြိုသွားကာနီး ဂျစ်တိုက်နေတာနဲ့ ရုံးတောင် နောက်ကျတော့မယ်...ဟူး"

ကားမှတ်တိုင်နှင့် ခတ်တို့ရုံးက နည်းနည်းတော့လမ်းလျှောက်ရသေးသည်။
မနေ့ညကလည်း မိုးရွာထားတဲ့အရှိန်နှင့်ဆိုတော့ မြန်မာပြည်ထုံးစံအတိုင်း လမ်းမပေါ်ကတော့ ရေတွေဖြင့်သာပြည့်နေ၏။

အတွေးဖြင့် မြန်မြန်လျှောက်ရင်း စိတ်က ရုံးနောက်ကျမှစိုးရင်း ပျာယိပျာယာဖြစ်နေပြန်သည်။

"ဗွမ်း"

"ဟဲ့ သွားပါပြီ။စိုကုန်ပါပြီ။တောက်... ကားကို ဘယ်လိုမောင်းနေပါလိမ့်"

ခတ် ဒေါသထောင်းခနဲဖြစ်သွားသည်။ဘေးနားကနေ ရေအိုင်ထဲ အရှိန်မထိန်းဘဲဖြတ်မောင်းသွားသောကားမှာ ရှေ့မလှမ်းမကမ်းမှာရပ်သွား၏။

"ဒီမှာ ဒီမှာ"

ကားမှန်တစ်ဖက်လျှောကျလာပြီး ဖြူဝင်းသော မျက်နှာတစ်ခုပါ်လာသည်။မြင်လိုက်တာနဲ့ ချောတယ်ဆိုသည်အထိ မှတ်ချက်ပေးရလောက်တဲ့ မျက်နှာမျိုး။

"ရှင် ကားကို ဘယ်လိုမောင်းလာတာလဲ"

"Sorry ပါ အမိ"

"ဘာ …….လူလိုမမောင်းဘဲနဲ့တောင်းပန်တာက sorry တစ်ခွန်းပဲ ဟုတ်လား။ဒီမှာ မြင်လား ရှင့်ကြောင့် ကျွန်မအင်္ကျီတွေစိုသွားပြီ"

"ကျွန်တော် အလျင်လိုနေလို့ပါ"

"ရှင်တင် အလျင်လိုတာမဟုတ်ဘူး။
လူတိုင်းက ကိုယ့်ကိစ္စနဲ့ကိုယ် အရေးကြီးနေကြတာချည်းပဲ"

My Lovely Book 📖(Complete)Where stories live. Discover now