Part 12

4K 99 2
                                    

Unicode

အပိုင်း - ၁၂

အဲ့ဒီနောက်မှာတော့ ခတ် ကလေးကိုခေါ်ပြီး ရန်ကုန်ကို ထွက်ခဲ့ပါတော့သည်။အပြစ်မရှိတဲ့ တူမလေးကို အတ္တတွေ လောဘတွေ ဖုံးအုပ်နေတဲ့ ပတ်ဝန်းကျင်အဟောင်းမှာ မကျင်လည်စေလိုပါ။

ရန်ကုန်ရောက်စကတော့ ကလေးသေးသေးလေးနဲ့ ဒုက္ခများစွာရောက်ခဲ့ရသော်လည်း ခုတော့ ခတ်ဘဝကနည်းနည်း အခြေကျနေခဲ့သည်။

သမီးကို မူကြိုမှာအပ်ခဲ့ပြီး ခတ်က အလုပ်သွား၏။မူကြိုက 3 နာရီဆင်းပေမဲ့ ခတ်က ရုံးမဆင်းသေးတဲ့အတွက် ဆရာမဆီမှာပဲ ဆက်ထားပြီးရုံးဆင်းမှ တခါတည်း ဝင်ကြိုရသည်။

💮💮💮💮💮💮💮💮💮💮💮💮

မိတ်ဆုံစားပွဲက လူစုံသင့်သလောက် စုံနေသော်လည်း သူ့ရဲ့မင်းသမီးလေးက မလာသေး၍ သူ့ထက်ခန့်ငြားလည်တဆန့်ဆန့်ဖြစ်နေ၏။ဟော ပြောရင်းဆိုရင်း ဝင်လာပါပြီ။

ခါးလယ်လောက်သာရှိတဲ့ ဆံပင်ကို ခပ်မြင့်မြင့်လေးမြှောက်စည်းထားပြီး အပြာနုရောင် ဝမ်းဆက်လေး ဝတ်ဆင်ထား၏။

*စာအုပ်လေးကို ကြည့်လိုက်လျှင် သူ့ရင်ထဲမှာ အေးချမ်းမှုကိုအမြဲခံစားရသည်။

💮💮💮💮💮💮💮💮💮💮💮💮

စားသောက်ပွဲကို Company အောက်ထပ်မှာပဲ ကျင်းပပြီး အစားအသောက်များကိုတော့ Hotel ကပဲမှာယူစီစဉ်ထားသည်။

"ကျွန်တော့်ကို Mr. Edward လို့ ခေါ်လို့ရပါတယ်။မနက်တုန်းက လူတိုင်းကို သေချာမနှုတ်ဆက်နိုင်ဘူးဖြစ်သွားတော့ ခုလိုမျိုးလေး စီစဉ်လိုက်တာပါ။
လွတ်လွတ်လပ်လပ်စားကြပါ"

💮💮💮💮💮💮💮💮💮💮💮💮

သူ့အသံက ဩရှရှနဲ့ နားထောင်လို့ ကောင်းသားပဲ။ဒါပေမဲ့ မကြိုက်တဲ့ဘက်ကတွေးရရင်သူက အကြည့်ရိုင်းတယ်။မိန်းကလေးတစ်ယောက်ကို အားမနာတမ်း ကြည့်တာပဲ။

ဒါကလည်း နိုင်ငံခြားမှာ အနေကြာလို့ နေမှာပါလေ။ခတ်ကတော့ သူ့ကိုကြည့်၍ စိတ်ထဲကနေ အတင်းတုတ်နေ၏။

"ရင်ခတ်ရေ Mr. Edward က အချိန်ရရင် သူ့ရုံးခန်းထဲလာခဲ့ပါဦးတဲ့။မနက်က report နဲ့ ပတ်သက်ပြီး အရေးတကြီး မေးစရာရှိလို့ပါတဲ့"

My Lovely Book 📖(Complete)Where stories live. Discover now