Part 16

3.9K 96 2
                                    

Unicode

အပိုင်း - ၁၆

Mr. Edward ပြန်သွားပြီးနောက် ခတ် အတွေးတွေထဲမှာ မျောကျန်ခဲ့သည်။
သူက ဇွတ်အတင်းမေးနေမှတော့ မဖြေလို့ကလည်းမဖြစ်၍ မမကြီးရဲ့ကလေးဖြစ်ကြောင်းသာ အတိုချုပ် ပြောပြလိုက်ရသည်။

Mr. Edward က စကားပြောတာဆိုတာ အရမ်းရဲတင်းလွန်း၏။ မိန်းကလေးတိုင်းကို ဒီလိုဆက်ဆံနေတာလားမသိနိုင်...ခတ် ရင်ခုန်လို့မဖြစ်ပါဘူးလေ။

💮💮💮💮💮💮💮💮💮💮💮💮

နောက်တစ်နေ့ ရုံးဖွင့်ချိန် ခတ် ရုံးသွားဖို့ ပြင်ဆင်နေစဉ်အိမ်အပြောင်းအရွှေ့ကားနှင့် လူ 3 ယောက် ရောက်လာသည်။

"မရင်ခတ်ပန်းလားဗျ"

"ရှင်တို့က ဘယ်သူတွေလဲ"

"အစ်မအိမ်ပြောင်းဖို့ အတွက် Mr. Edward ကလွှတ်လိုက်တာပါ"

"ဟင် ဘာတွေလဲ...ကျွန်မလည်း ဘာမှ မသိရပါလား"

"ဟုတ်ကဲ့ ကျွန်တော်လည်း မသိပါဘူးဗျ။ဒီအိမ်လိပ်စာက မရင်ခတ်ပန်းတို့သားအမိကို -----ကွန်ဒိုကို အိမ်ပြောင်းရွှေ့ဖို့ Service တင်ထားလို့ပါ"

"ကျွန်မ မတင်ထားပါဘူး"

"ဖုန်းဆက်ကြည့်ပါလားဗျ"

💮💮💮💮💮💮💮💮💮💮💮💮

"ရှင် ဘာလုပ်တာလဲ"

"ဟ ဖုန်းတောင်မဖြေရသေးဘူး။
ရန်တွေ့သံက အရင်ပါ့လား"

"ကျွန်မ မေးတာဖြေပါ”

"မင်းအိမ်က ရုံးနဲ့ ဝေးလွန်းတယ်။အဆင်မပြေဘူး။အဲ့ဒါကြောင့် အိမ်ပြောင်းရမယ်။Secretary ဆိုတာ CEO အတွက် အမြဲ Stand by ဖြစ်နေရမှာလေ"

"ဒီမှာ Mr. ကျွန်မ ဘယ်မှမပြောင်းနိုင်ဘူး။ရှင်ခေါ်တဲ့အချိန် လာနိုင်ရင် ရပြီမဟုတ်လား"

"OT ဆင်းရမယ့်ညတွေဆို မင်းအတွက် အဆင်မပြေဘူးလေ"

"ကျွန်မ အဆင်ပြေတယ်လို့ ပြောပြီးပြီပဲ။ရှင် မနေ့ကပြောတော့ ကလေးကြည့်ပေးဖို့ စိတ်ချရတဲ့အမျိုးသမီးရှိတယ်ဆို"

"ဟုတ်တယ်လေ။ဒါပေမဲ့ မင်းအိမ်လို့မှ မပြောဘဲ။ကိုယ်ပြောင်းခိုင်းတဲ့ အိမ်ပြောင်းမှ အဲ့ဒီ အမျိုးသမီးက ကလေးနဲ့ အဖော်ပြုပေးနိုင်မှာ"

My Lovely Book 📖(Complete)Where stories live. Discover now