Part 14

3.9K 89 1
                                    

Unicode

အပိုင်း - ၁၄

အသည်းပုံလော့ကက်သီးရဲ့ ညာဘက်မှာ အဖြူအစိမ်းဝတ်ကောင်လေးပုံနှင့် ဘယ်ဖက်ကတော့ ‌ စာအုပ်လေးပုံဖြစ်သည်။သူ့ထက်ခန့်ငြား သူတို့နှစ်ယောက်ပုံလေးကိုကြည့်ပြီး ဝမ်းနည်း နာကျင်သွား၏။

သူမရှိတဲ့နေ့ရက်‌‌တွေမှာ စာအုပ်လေး ဘယ်လောက်တောင် ပင်ပန်းခက်ခဲခဲ့ရှာလေမလဲ။ဒါပေမဲ့ သူနားမလည်နိုင်တာ တစ်ခုတော့ ရှိသည်။

စာအုပ်လေးက ဘာလို့အိမ်ထောင်ရှိခဲ့ဖူးပါတယ်ဆိုပြီး လိမ်ထားရတာလဲ။ဒါကို သူသိရမှဖြစ်မည်။

"ဘယ်မှာလဲ မင်းယောက်ျားပုံက။
ဒါက ကလေးသေးသေးပုံလေ"

Mr ရဲ့အပြောရဲရဲကြောင့် ခတ်မျက်နှာ ဖြန်းခနဲနီရဲသွား၏။

"ရှင် ရှင် အပြောကြမ်းလိုက်တာ"

"ဟ ဘယ်မှာ အပြောကြမ်းလို့လဲ။
မင်းယောက်ျားမို့လို့ မင်းယောက်ျားလို့ ပြောတာပေါ့။ဒါဆို ဒီပုံထဲက ကောင်လေးက မင်းယောက်ျားပေါ့ဟုတ်လား"

"အွန်း ဟုတ်တယ်"

"သေချာတယ်ပေါ့"

"ရှင်နော် ဘာဖြစ်လို့ ဒါကိုပဲ ထပ်တလဲလဲမေးနေရတာလဲ"

"ကြားချင်လို့"

"ဟမ်"

"ဪ ဘာမှ မဟုတ်တော့ဘူး"

(ဘယ်လိုလူမှန်းလည်း မသိဘူး။)

ငြား ကောင်မလေးကိုကြည့်ပြီး အူတွေယားလာသည်။နှာခေါင်းလေး ရှုံပွပွ
(ရှုပ်ပွပွ)လုပ်ပြီး ပါးစပ်ကပွစိပွစိနဲ့ ဘာ‌တွေ ရွတ်နေတယ်မသိ။ သေချာတာကတော့ သူ့ကိုမေတ္တာပို့တာပဲ နေမှာပါ။

"ကဲ ယုံပြီမှတ်လား။အဲ့တော့ ဒီရာထူးတိုးတဲ့ကိစ္စကို ကျွန်မ လက်မခံလို့ ရပြီနော်"

"မရဘူး"

"ဘာ"

"မင်းအိမ်ကို လိုက်ကြည့်မယ်"

"အိုး ဘာလို့လိုက်မှာလဲ။ မခေါ်နိုင်ပါဘူး"

"မခေါ်လည်း လိုက်မှာပဲ။ဒါမှ ကလေးရှိတာယုံမှာ"

"ရှင် ဒါသက်သက် အကျပ်ကိုင်တာပဲ"

"ထင်ချင်သလိုထင်"

My Lovely Book 📖(Complete)Where stories live. Discover now