Part 27

5.7K 93 0
                                    

Unicode

အပိုင်း - ၂၇

"ချွေးတွေနဲ့ဆိုတော့ ကိုယ်လက်သန့်စင်လိုက်ဦးမယ်။ Mr.ရေချိုးခန်းခဏသုံးမယ်နော်"

"OK ကိုယ် စောင့်နေမယ်"

ခတ်ထွက်သွားသည်နှင့် သူအဝတ်အစားအမြန်လဲပြီး ရေမွှေးနည်းနည်းပါ ဆွတ်ထားလိုက်၏။

အိပ်ရာခင်းကိုလည်း အသစ်လဲပြီးဆေးသေတ္တာလေးကိုပါ အရံသင့်ဆောင်ထားသည်။

(ချစ်ရသူလေး အခုချိန်ဆို ရေချိုးနေမလားမသိဘူး)

သူ့ကောင်မလေးရဲ့ အပေါ်ပိုင်းအလှအပတွေကို ပြန်မြင်ယောင်လာပြီး
သွေးတွေကဆူပွက်လာသည်။

သူ့ထက်ခန့်ငြား နေလို့မရတော့ပေ။ Whiskey နည်းနည်းလောက်ထည့်ပြီး မော့လိုက်ပြန်သည်။

(တွေးကြည့်ရုံနဲ့တင် စိတ်တွေက လှုပ်ရှားလာ၏။သူငယ်နပ်စားလည်းမဟုတ်ဘဲ ဘာလို့ဒီလောက်စိတ်လှုပ်ရှားနေပါလိမ့်ကွာ။ဟူး)

💮💮💮💮💮💮💮💮💮💮💮💮

ခတ်အတွက်တော့ ယောက်ျားတစ်ယောက်ရဲ့ ရေချိုးခန်းဆိုတာကို ခုမှ ပထမဆုံးရောက်ဖူးတာပင်။

**အဟင်း။သူက အသန့်တော့ကြိုက်သားပဲ။

ရေချိုးခန်းလေးက သန့်ရှင်းသပ်ရပ်နေပြီး မုတ်ဆိတ်ရိပ်ဓားနဲ့ဂျုတ်ကလည်း သူ့နေရာနဲ့သူရှိနေ၏။ရေချိုးခန်းသုံး ပစ္စည်းများကလည်း အစီအစဉ်တကျ ရှိနေပြန်သည်။

*ဟယ် သွားပြီ။

ဟိုငေးဒီငေးနဲ့လုပ်ရင်း ခတ်အဝတ်တွေရေစိုသွားသည်။ဝတ်စရာအပိုလည်းမရှိ၍ ခတ်စဉ်းစားရကျပ်သွား၏။

(တဘက်နဲ့လည်း ငါမထွက်ရဲဘူး။
ငါနှယ့်နော် ဦးနှောက်များကလည်း မေ့ရတယ်လို့)

"Mr Mr. လို့ -----ငြားရေ-----"

နောက်ဆုံးတော့ မထူးဘူးဆိုပြီး တံခါးကို တဘုန်းဘုန်းထု၍ သူ့ကိုအော်ခေါ်သည်။

My Lovely Book 📖(Complete)Where stories live. Discover now