Part 2 We're Classmates

5K 117 0
                                    

Unicode
အပိုင်း - ၂

"ဒီနှစ်ကျောင်းတက်ရမယ်။
နင့်အတွက် ကျောင်းအပ်ပြီးပြီ"

"ဟယ် တကယ်လား အဖေ။ပျော်လိုက်တာ။ခတ် သိပ်ပျော်တာပဲ။မမနဲ့အတူကျောင်းသွားရတော့မှာပေါ့နော်"

"မဟုတ်ဘူး။အကြီးမက အတန်းကြီးလာတော့ စာတွေကအရေးကြီးလာပြီ။အဲ့ဒါကြောင့် အဆောင်တခါတည်း အပ်လိုက်တယ်။နင်က အစိုးရကျောင်းပဲတက်"

"ဟုတ်အဖေ။ ဘယ်ကျောင်းပဲ တက်ရ တက်ရ ခတ်ကအဆင်ပြေတယ်။ ခတ်အတွက်က ကျောင်းတက်ရဖို့ပဲ။အဖေ့ကို ကျေးဇူးတင်ပါတယ်"

💮💮💮💮💮💮💮💮💮💮💮💮

"ဆရာမရေ ခဏလောက်ပါ"

"ဟုတ်ကဲ့ ဆရာကြီး"

"ဒီကျောင်းသူလေးက ဒီနေ့မှ အသစ်တက်မှာ။ကျောင်းထားနောက်ကျလို့ အသက်ကတော့ (6) နှစ်ရှိပြီဆရာမ။

ကျွန်တော် "ခ" စာရင်း သွင်းပြီးပြီ။
သူ့ကို ဆရာမအတန်းမှာပဲ စာရင်းသွင်းလိုက်ပါ"

"ဟုတ်ကဲ့ဆရာကြီး"

"သမီးနာမည်ဘယ်လိုခေါ်လဲ"

"ရင်ခတ်ပန်း ပါဆရာမ"

"ကျောင်းဖွင့်တာ (၃) ရက်တောင်ရှိနေပြီ။သမီးသိလား"

"ဟုတ်ကဲ့ဆရာမ။အဖေက သမီးကိုခုမှ အပ်ပေးတာပါ"

"ခုရော ဘယ်သူလိုက်ပို့တာလဲ"

"ဘယ်သူမှ လိုက်မပို့ဘူးဆရာမ။
သမီးဘာသာလာတာပါ။ဘယ်အတန်းလဲမသိတာနဲ့ ကျောင်းအုပ်ကြီး ရုံးခန်းတန်းသွားလိုက်တာပါ"

အတန်းပိုင်ဆရာမ ဒေါ်မာလာမြင့် မျက်ခုံးများမြင့်တက်သွားသည်။

(ဒီကလေး တော်တော်သွက်ပါလား။
ဒီအရွယ်လေးနဲ့ ကျောင်းကို တစ်ယောက်တည်း လာရဲပြီး ကျောင်းအုပ်ကြီးရုံးခန်း သွားရမယ်မှန်း ဘယ်လိုများ သိပါလိမ့်)

"ကဲ…ကဲ……ကဲ
ကလေးတို့ နားထောင်ကြ။ဒါက မင်းတို့ရဲ့ သူငယ်ချင်းအသစ်။ရင်ခတ်ပန်းတဲ့။
သူက ဒီနေ့မှ စတက်တာဆိုတော့ အသစ်ဖြစ်နေမှာ။မင်းတို့က ခေါ်လိုက်ကြဦးနော်"

"ဟုတ်"

"သမီး ဒီခုံမှာထိုင်လိုက်"

ဆရာမနေရာပေးတဲ့ခုံမှာ ခတ်ဝင်ထိုင်လိုက်သည်။

My Lovely Book 📖(Complete)Where stories live. Discover now