Part 32

4.9K 89 4
                                    

Unicode

အပိုင်း - ၃၂

"မင်း ဒါ ဘာလုပ်တာလဲဝတ်လွှာ"

"ဘာလုပ်ရမှာလဲ။သက်သေဆိုလို့ ချပြတာလေ"

ဝတ်လွှာက လက်ပိုက်၍မခိုးမခန့်ပုံစံဖြင့် ရပ်နေ၏။

"ငါ ဒီမှာ အကောင်းဆုံးဖြေရှင်းဖို့ ကြိုးစားနေတာလေ"

"ရှင်ကြိုးစားတာက ရှင့်ရည်းစားကို ကာကွယ်ဖို့"

"ဒီပုံလောက်နဲ့ သက်သေခိုင်လုံပြီလို့ မင်းပြောလို့ရသလား။ဒါဆို ငါမေးပါဦးမယ်။ဒီပုံကို မင်းဘယ်လိုရသလဲ။ဘာလဲ......မင်းက ခတ်နောက်ကို တမင်လိုက်နေတာလား။

ဦးရဲထွဋ်ခေါင်နဲ့ ခတ်စာအုပ်ဆိုင်မှာ တွေ့ပါမယ်ဆိုတာကိုရော မင်းက ဘယ်လိုလုပ် ကြိုသိနေရတာလဲ"

ဝတ်လွှာ ဖြေစရာမရှိတော့။ဂျောင်(ချောင်)ပိတ်မိသွားပြီ။

ဝန်ထမ်းများကလည်း သူတို့နှစ်ယောက်ကို ကြည့်ပြီး ဘယ်စကားကို ယုံလို့ယုံရမှန်းမသိကြဘဲ ဟိုကြည့်ဒီကြည့်ဖြစ်နေကြသည်။

ခန့်ငြား ဝန်ထမ်းတွေဘက်ကို လှည့်လိုက်ပြီးနောက်

"ကျွန်တော့်ကို 3 ရက်အချိန်ပေးပါ။
3 ရက်အတွင်း တိကျခိုင်မာတဲ့ သက်သေ ရှာပေးပါ့မယ်။ဒီရက်ပိုင်းအတွင်းတော့ သည်းခံပြီး ရုံးတက်ပေးကြပါ"

💮💮💮💮💮💮💮💮💮💮💮

နောက်တစ်နေ့တွင် သူ Mr. ဟန်ရှင်းရန်ဆီ ထွက်လာခဲ့သည်။

" ခင်ဗျား ဒီကိစ္စကို ဘယ်လိုဖြေရှင်းချင်လဲ "

Mr. ဟန်ရှင်းရန် သူပြတဲ့ video ကို စူးစိုက်ကြည့်ပြီး

" ခင်ဗျားက ဒါကြောင့်ကျွန်တော့်ညီမ လုပ်တယ်လို့ ထင်တာပေါ့ "

"ထင်တာ မဟုတ်ဘူး။သေချာသိနေတာ။ရင်ခတ်ပန်းရဲ့ Laptop ထဲမှာ ဒီ ဖိုင်ကို ဝှက်ထားတာ။password ကို သိတဲ့သူကလည်း ခင်ဗျားညီမနဲ့ ကျွန်တော် နှစ်ယောက်တည်းပဲ သိတာ။

ခင်ဗျား ညီမ မဟုတ်ဘူးလို့ယူဆထားရင် ခင်ဗျားကကျွန်တော်လို့ထင်နေတာလား"

Mr. ဟန်ရှင်းရန် video ကိုသေချာပြန်ကြည့်သည်။video ထဲတွင် ဝတ်လွှာက Laptop ထဲမှ ဖိုင်တစ်ခုကိုဖွင့်၍ သူ့ဖုန်းနဲ့ကူးနေတာဖြစ်၏။

My Lovely Book 📖(Complete)Where stories live. Discover now