Part 31

4.1K 80 0
                                    

Unicode

အပိုင်း - ၃၁

လွန်ခဲ့သော တစ်ပတ်ခန့်က
ခတ် စာအုပ်ဝယ်စရာရှိ၍ မြို့ထဲက စာအုပ်ဆိုင်သို့ ထွက်လာခဲ့သည်။

ငြား ပြင်သစ်ကိုသွားကတည်းက တစ်ယောက်တည်း ငေါင်စင်းစင်းဖြစ်နေ၍ စာအုပ်ပဲလှိမ့်ဖတ်နေခဲ့မိခြင်းပါ။အခုတော့ ဖတ်စရာတွေလည်းကုန်သွားပြီမို့ ထွက်လာခဲ့ရပြီ။

ဆရာမ ပုညခင်ရဲ့ * အနောက်တောင်အရပ်မှ လာခဲ့သူ* စာအုပ်လေးကို ဝယ်မယ်စိတ်ကူးဖြင့် စာအုပ်ဆိုင်ကိုထွက်ခဲ့၏။

"ချာတိတ် မင်း ကိုယ့်ကိုမှတ်မိလား"

"ရှင် "

ဆိုင်ထဲတွင် လူတစ်ယောက်က ခတ်ကို လာနှုတ်ဆက်၏။

"မမှတ်မိဘူးထင်တယ်။Mr. ဟန်ရှင်းရန်ရဲ့ Party မှာ မင်း ကိုယ့်ကိုဝင်တိုက်လို့ ကိုယ့်အင်္ကျီမှာ ဝိုင်တွေစွန်းခဲ့တာလေ"

(ခတ် သူ့ကို မှတ်မိပါသည်။
စေတန် Company ရဲ့ CEO )

"ဟုတ်ကဲ့"

"မင်းက စာအုပ်တွေဖတ်ရတာ ကြိုက်တာလား"

ခတ်လက်ထဲက စာအုပ်ကိုကြည့်ပြီးသူကမေးလိုက်သည်။

"ဟုတ်ကဲ့ရှင့်။ဟို---- ခတ် စာအုပ်လည်း ဝယ်ပြီးပြီမို့ပြန်ပါဦးမယ်"

ခတ် ဒီလူနဲ့ စကားမပြောချင်ပါ။အကြည့်တွေက မရိုးသားဘူးလို့ခံစားမိသည်။

"နေပါဦးကွ။ကိုယ်နဲ့ ကော်ဖီလိုက်သောက်ဖို့ ဖိတ်ခေါ်ပါတယ်"

သူက ခတ်လက်မောင်းကို ဆွဲကိုင်၏။

"ရှင် ဒါဘာလုပ်တာလဲ။လူကြီး လူကောင်းပီသပါ"

"OK sorry ပါ။ ကိုယ်က မင်းထွက်သွားမှာစိုးလို့ ဆွဲမိတာ"

"ကျွန်မမှာ အိမ်ထောင်ရှိပါတယ်"

"အာ sorry ကွာ။ ကိုယ်က မင်းကို single ထင်လို့။ Ok Good Luck"

(ဘာလဲဟ။ ကြောင်တောင်တောင်နဲ့။
ငါက Good မ Luck စရာဘာရှိလို့လဲ)

💮💮💮💮💮💮💮💮💮💮💮💮

သူ မြန်မာပြည်ကို အမြန်ဆုံးပြန်လာခဲ့သည်။စာအုပ်လေးကို surprise လုပ်ချင်၍သူပြန်လာတာကို အသိမပေးဘဲ ထားလိုက်၏။မနေ့က ရင်းနှီးမြုပ်နှံမှုပွဲရဲ့ Live ထဲမှာ ခတ်ကိုကြည့်ပြီး သူ့မှာစိတ်မကောင်းတွေ ဖြစ်ရသည်။

My Lovely Book 📖(Complete)Where stories live. Discover now