Part 15

4K 96 4
                                    

Unicode

အပိုင်း - ၁၅

"မေမေ့"

"မေ့သမီးလေး။မူကြိုမှာပျော်ရဲ့လား"

"ပျော်တယ်မေမေ။ဒီ ဦးဦးက ဘယ်သူလဲဟင်"

ဒီကလေးက ဘယ်သူ့ကလေးဖြစ်နိုင်မလဲဆိုတာ သူ့ထက်ခန့်ငြား စဉ်းစားရင်း ကလေးလေးကို သေချာကြည့်မိသည်။

"သူက မေမေတို့ company ရဲ့ သူဌေးလေ"

"ဦးဦးက အရမ်းချောတာပဲ"

"အဟား။ဟုတ်လား။ဒါဆို ဦးက မုန့်လိုက်ကျွေးမှာပေါ့"

"ဟုတ်"

"သမီးလေး။ မသိတဲ့သူတွေက မုန့်ကျွေးမယ်လို့ပြောရင် မလိုက်ရဘူးဆိုတာကို မေမေမှာထားတယ်လေ"

"ခုနက မေ‌မေပဲပြောတော့ မေမေ့ရဲ့ သူဌေးဆို။ မေမေနဲ့ သိတယ်မဟုတ်လား"

"သိတာပေါ့။ သမီးမေမေကို ဦးကကောင်းကောင်းသိတယ်။အဲ့ဒါကြောင့် မုန့်သွားစားကြစို့"

ခန့်ငြားကလေးကို ဝင်လုံးဖို့ကြိုးစားရင်းမုန့်နဲ့ ဆွဲဆောင်လိုက်၏။

"မသွားပါဘူး။ Mr လည်း ယုံပြီမှတ်လား။ပြန်တော့လေ။ကျွန်မတို့သားအမိလည်း ပြန်တော့မယ်"

"ဟ ဇွတ်ကို နှင်ထုတ်နေပါ့လား။ကိုယ် အိမ်ပြန်လိုက်ပို့ပေးမယ်"

"ရတယ်။ကျွန်မတို့ လမ်းလျှောက်ပြန်နေကျ။အကျင့်ပျက်မှာစိုးလို့ မလိုက်တော့ဘူး"

ခန့်ငြား စာအုပ်လေးကိုခေါ်မရတော့ ကလေးဘက် လှည့်ပြန်သည်။

"သမီး ဦးဦး အိမ်ပြန်လိုက်ပို့မယ်လေ"

"မေမေ"

ရင်ငြိမ်းအေး မအေကိုလှည့်ကြည့်လိုက်သည်။သူ့ကြည့်ရတာ ကားစီးချင်နေ၍ မအေကမလိုက်တော့ သူ့မှာဘာမှလည်း မပြောရဲပဲ မျက်လုံးဝိုင်းလေးတွေနှင့် မော့ကြည့်နေရှာ၏။

"မေမေတို့လမ်းပဲ လျှောက်ပြန်ရအောင်နော် သမီး"

"ဟုတ်မေမေ။ဦးဦး တာ့တာ"

💮💮💮💮💮💮💮💮💮💮💮💮

ခန့်ငြားထွက်မသွားသေးဘဲ
စာအုပ်လေးတို့ သားအမိ လမ်းလျှောက်နေတာရဲ့နောက်ကနေ ကားကိုဖြည်းဖြည်းလေး မောင်းလာခဲ့သည်။

My Lovely Book 📖(Complete)Where stories live. Discover now