Part 17

3.8K 89 0
                                    

Unicode

အပိုင်း - ၁၇

"ကိုယ်တက်ရမယ့် meeting တွေ၊ တွေ့ရမယ့်သူတွေကို ကိုယ့်အတွက် schedule ဆွဲပေးရမယ်။ကိုယ့်ကို အချိန်မီ သတိပေးရမယ်။

ခုလက်ရှိ run နေတဲ့ ဌာနတိုင်းက Project တွေကိုပါ လေ့လာထား။
ကိုယ် အသေးစိတ်သိချင်တယ်"

"ပြီးတော့ "

မျက်လုံးတောက်တောက်လေးတွေနဲ့ သေချာလိုက်နားထောင်နေတဲ့ကောင်မလေးဟာ သူချစ်ရတဲ့သူ့ရဲ့ Secretary အသစ်စက်စက်လေးပါ။

"ပြီးတော့ ကိုယ့်အတွက် မနက်တိုင်း Coffee ဖျော်ပေးရမယ်။Black Coffee ထဲကို သကြားတစ်ဇွန်းထည့်ပေး"

"အဲ့ဒါက Secretary ရာထူးထဲမှာမပါဘူးလေ"

သူမ အတွန့်တက်လိုက်သည်။

"မပါပေမဲ့ လုပ်ပေးသင့်တယ်လို့ မထင်ဘူးလား"

"မထင်ဘူး"

"ဟ မင်းတော်တော်ကပ်ဖိုးကပ်ဖဲ့နိုင်တာပဲ။မရဘူး။ဖျော်ပေးရမှာပဲ။
အဓိကက မင်း ကိုယ့်နားအမြဲရှိရမယ်။
အရိပ်အကဲ သိရမယ်"

"ဟုတ်ကဲ့"

"ပြီးတော့ ‌ဒါဖတ်ထား။
French Language  ပြောတတ်အောင်လုပ်ရမယ်။ကိုယ်တို့ Company က သိပ်မကြာခင်မှာ ပြင်သစ်နဲ့ချိတ်ဆက်ဖို့ရှိတယ်"

"Mr. Edward ရှင့်။ကျွန်မ ကြိုးစားပြီးလေ့လာပါ့မယ်။ဒါပေမဲ့ ဘာသာစကား ပြောတတ်ဖို့ကတော့ ကျွန်မကို အချိန်နည်းနည်းပေးပါ"

"ရတယ်။မင်းလုပ်နိုင်မယ်ဆိုတာ ကိုယ် ယုံပြီးသား။မင်းဦးနှောက်ရဲ့ မှတ်နိုင်စွမ်းက ထူးခြားတယ်လေ"

"ရှင်"

ဟာ။သွားပြီ။ဒီပါးစပ်က ဘာလို့ များထွက်သွားမိပါလိမ့်။

"ဟို မင်းက မှတ်ဉာဏ်ကောင်းတယ်လို့ ပြောတာပါ"

သူ့ရဲ့ လွှတ်ခနဲ ထွက်သွားတဲ့ စကားကြောင့် ခတ်နည်းနည်းသံသယဝင်သွား၏။

(သူ ငါ့ အကြောင်းကို ဘယ်လောက်များတောင် သိထားပါလိမ့်။
သူက ဘယ်သူလဲ။)

💮💮💮💮💮💮💮💮💮💮💮💮

သူဟာ သူ့ထက်ခန့်ငြားပါဆိုတာကို ပြောရင်ကောင်းမလား လျှို့ဝှက်ထားရင် ကောင်းမလားဆိုတာ ဝေခွဲမရပေ။ပြောပြလိုက်ရင်လည်း သူ့အပေါ် သူငယ်ချင်းလို ဆက်ဆံမှာကိုကြောက်သည်။

My Lovely Book 📖(Complete)Where stories live. Discover now