Love starts in summer 4

1.7K 18 0
                                    

မင်းဂုဏ်ရှိန်သည် အသက် ၂၈ နှစ်ဖြစ်သည့်တိုင် မာမီတို့နှင့်သာ တူတူနေဖြစ်သည်။

သီရိရှိန် ၊မင်းဂုဏ်ရှိန် ၊မင်းဆက်ရှိန် ဟူ၍ မွေးချင်းသုံးယောက်ရှိသည်တွင် သီရိရှိန်က အိမ်ထောင်ကျကာ ပြင်ဦးလွင်တွင် သူမ မိသားစုနဲ့ အတူတူ သပ်သပ်နေကြသည်။

မင်းဆက်ရှိန် သည် အငယ်ဆုံးဖြစ်ကာ နိုင်ငံခြားတွင် ကျောင်းတက်ရင်း ဘဝကို အပူအပင်ကင်းကင်း လွတ်လပ်စွာနေသည်။

မင်းဂုဏ်ရှိန်ကတော့ အလတ်ဖြစ်သော်လည်း အိမ်၏ စီးပွါးရေးလုပ်ငန်းများကို ဒယ်ဒီ့၏ ညွှန်ကြားချက်ဖြင့် အလုပ်လုပ်သူဖြစ်သည်။

မန္တလေးတွင် ဖြစ်သွားသည့် မတော်တဆကိစ္စကြောင့် မင်းဂုဏ်ရှိန်သည် ထိုအချိန်မှစ၍ ခြေငြိမ်လျက်ရှိသည်။ခြေငြိမ်သည်က အခြားမဟုတ် အိမ်ကိစ္စများကို လွှဲယူပြီး ဒယ်ဒီ့အာဏာကြောင့် ငြိမ်ရခြင်းဖြစ်သည်။
ထို့ပြင် ချစ်ရသူရှိလာပြန်တော့ ပို၍ တည်ငြိမ်လာသည်။

ညနေခင်း တွင် ကြီးမား စိုပြေသော ခြံဝန်ကြီး၌ မာမီသည် လမ်းဆင်းလျှောက်နေသည်။
ဂုဏ်ရှိန်သည် golf ရိုက်ပြီးပြန်လာသောကြောင့် golf fit နှင့်ဖြစ်နေသည်။
မာမီက ရေမိုးချိုး ထမင်းစားပြီးလျှင် ဧည့်ခန်းသို့လာခဲ့ပါ ဆိုသောကြောင့် အိမ်အောက်ထပ် ဧည့်ခန်းသို့ သွားလိုက်သည်။

"My son.."
ချိုသာစွာ မာမီ လှမ်းခေါ်သည်။

"ထိုင်...ဒီနေ့တစ်နေ့လုံး သားကို စကားပြောချင်လို့ စောင့်နေတာ"

"ပြောလေ မာမီ ဘာကိစ္စပြောချင်လို့လဲ"

"သားအိမ်ထောင်ပြုမယ့် ကိစ္စ"

ဤစကားကို မာမီသည် ဒုတိယ အကြိမ်ပြောလာခြင်းဖြစ်သည်။ပထမအခါတုန်းကတော့ သူ၏ ချစ်သူကို ခေါ်ခဲ့ပြီး မိတ်ဆက်ပေးပါဆိုခဲ့သည်။
လက်ထပ်စေချင်ပြီ ဟူသောစကားကို နိုးနိုးနဲ့ မိတ်ဆက်ပေးပြီးချိန်မှ စ၍ မာမီ ထပ်၍ မပြောခဲ့ပေ။

"ကျွန်တော် ကြိုးစားနေပါတယ် မာမီ"

"အရင်ကောင်မလေးနဲ့လား"

"အဲ့ကိစ္စ သားကိုပြောမလို့ပဲ"

သူဆိတ်ဆိတ်နေလိုက်သည်။အကြောင်းက မာမီသည် နိုး ကို သဘောမကျကြောင်းပြောကာ လေပြေလေးဖြင့် သဘောမတူကြောင်းပြောမည်ကို ကြိုသိနေခြင်းကြောင့် ပါ။

ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )Where stories live. Discover now