နေမထွက်ခင် အာရုဏ်ဦးတွင် ကောင်းကင်၏အလှသည် ပို၍ သာ၍ ကြည်လင်ကာ လှပနေသည်။တိမ်ကင်းစင်နေသော ကောင်းကင်မှ အလင်းရောင်သည် ပတ်ဝန်းကျင် တစ်ခုလုံးကို အပြာရောင်နုနုဖြင့် လွှမ်းခြုံထားပါသည်။
နှိုးစက်ပေးစရာမလိုပဲ နိုးလားခြင်းကပင် သူ့အတွက် စိတ်ညစ်စရာကောင်းလှပါသည်။ရက်တွေကျော်လွန်လာပေမဲ့ နှလုံးသား၏ ဒဏ်ရာသည် တွေးလိုက်မိတိုင်း တဆစ်ဆစ်နာကျင်နေသည်။
နာရီကိုကြည့်တော့ ငါးနာရီထိုးရန် ၁၀ မိနစ်သာ လိုတော့သည်။
အားသွင်းထားသောဖုန်းကို ဖြုတ်ကာ သူ၏နေ့စဉ်လုပ်နေကျဖြစ်သည့်
နိုး၏ ဖေ့စ်ဘွတ်ခ် ပရိုဖိုင်ထဲသို့ ဝင်ကြည့်လိုက်သည်။အရင်ရက်တွေတုန်းကလိုပင် ဘာမှမထူးခြားပေ။
ကြည့်နေရင်း ပြည့်စုံအောင်(ပတ်ထရစ်)ထံမှ ဖုန်းဝင်လာသည်။"ဟဲလို..ပတ်ထရစ်"
"အေး ငါခဏနေထွက်ခဲ့တော့မလို့ မင်း လာမယ်မလား"
မနေ့ညနေက သူနဲ့ သူငယ်ချင်းတွေ စုပြီး သောက်ခဲ့ကြရင်း ဒီမနက်တွင် tennis ဆော့ရန်ခေါ်သည်ကို မေ့နေ၏။အကြီးအကျယ်မဟုတ်ပေမဲ့ သူငယ်ချင်းတွေ လူစုပြီး နှစ်လတစ်ခါ သို့မဟုတ် တစ်လတစ်ခါတော့အမြဲ sports နဲ့ပတ်သပ်ပြီး တစ်ခုခု ဆော့လေရှိကြသည်။
"အေး လာမှာ လူစုံပါ့မလား၊မနေ့က အကုန် ကျွတ်အောင် သောက်ထားကြပြီးတော့"
"မသိပါဘူးကွာ လာတဲ့သူလာမှာပေါ့၊ငါခဏနေထွက်ခဲ့တော့မယ်"
"နေပါဦး မင်းက တက်ကြွတဲ့ကြက်ဖကြီး ဖြစ်နေပါလား"
တစ်ဖက်က ရီသံ ခပ်တိုးတိုးထွက်လာသည်။
"ငါ့ဘေဘီလေး လာဆော့မှာကွ"
ပတ်ထရစ်၏ အပြောကြောင့် ဂုဏ်ရှိန် မျက်ခုံးများပင် ပင့်သွားသည်။သွားအတူ လာအတူ ကြီးပြင်းလာတဲ့ကောင် စော်ရသွားခြင်းကို သူမသိခဲ့ပေ။
YOU ARE READING
ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )
General FictionMarried,Love,Romance ဒီနွေမှ စတင်သောအချစ်သည် နှောင်နွေပေါင်းများစွာသို့ ချစ်ရသူထံသို့ လှမ်းရသော ခြေလှမ်းသည် ဘယ်သူ့ဘက်ကပဲ စလှမ်းလှမ်း အချစ်စစ်ဖြစ်ဖို့ပဲ လိုတယ်မလား