LSIS 18

1.4K 16 3
                                    

"နောက်တစ်ယောက်က မစန္ဒီကျော်စွာ အသက် ၂၆ နှစ်ပါ ဒေါက်တာ"

"Patient နာမည်က ဘယ်သူ..ပြန်ပြောပါဦး"

"စန္ဒီကျော်စွာပါ ဒေါက်တာ"

Nurse ပြောလိုက်သော ဒီနာမည်ကို ရင်းနှီးနေသော်လည်း မသေချာပါ။ဧကန္တ..မောင့် ဇနီးများလား..

"ခေါ်လိုက်တော့မယ်နော် ဒေါက်တာ"

"အေးအေး ခေါ်လိုက်"

အခန်းထဲသို့ ဝင်လာသော သူမကြောင့် ဆေးနံ့များအစား ရေမွှေးနံ့က အစားထိုးလာသည်။
အရပ်ရှည်ရှည် အသားခပ်လတ်လတ်နှင့် စိုစိုပြေပြေရှိလှသော မိန်းမပျိုလေး တစ်ဦး၊ဘာလက်ဝတ်တန်ဆာမှ မဝတ်ထားသော်လည်း တင့်တယ်နေသော အလှတို့ဖြင့် ပြည့်စုံနေသူ၊

ငေးကြည့်နေရင်းမှ သူမ က ထိုင်ခုံတွင်ဝင်ထိုင်လိုက််သည်။ခေါင်းတွင် တင်ဝတ်ထားသာ နေကာ မျက်မှန်ကို ရင်ဘတ်တွက် ချိတ်ကာ mask ကို ချွတ်လိုက်သည်။
သေချာတာပေါ့..မောင့် အမျိုးသမီးပါပဲ

မောင့်အမျိုးသမီးလေးမှန်းသိတော့ အသက်ဝဝရှူကာ လေပူတစ်ချက် မသိမသာ ရှုထုတ်လိုက်သည်။ပြီးမှ အပြုံးလေးဖြင့် နှုတ်ဆက်ရင်း
လူနာစာအုပ်ကို သေချာပြန်ဖတ်လိုက်သည်။

နာမည် - စန္ဒီကျော်စွာ
အသက်-၂၆ နှစ်
လိပ်စာ-ဗဟန်း

"ညီမလေးက ဘာဖြစ်လို့လဲ"

"ဟုတ်ကဲ့ doctor..ကျွန်မ သားအိမ် လာစစ်တာပါ၊သိပ်မကြာခင် အိမ်ထောင်ပြုတော့မှာမို့ လိုအပ်တာတွေ doctor နဲ့ လာဆွေးနွေးတာပါ"

ယုံကြည်မှု အပြည့်ဖြင့် ပြုံးရွှင်စွာ သူမ ပြောလာသည်။

"ဟုတ်ကဲ့..ဒါဆို ကုတင်ပေါ်မှာ လှဲပေးပါနော်"

လိုအပ်သော စစ်ဆေးချက်များ ပြုလုပ်ပြီး
သန္ဓေတားတဲ့ နည်းလမ်းများကို ရှင်းပြရသည်။

"ညီမလေးရဲ့ သားအိမ်အနေအထားက ပုံမှန်အတိုင်းရှိပါတယ်..အိမ်ထောင်ပြုတော့မှာဆိုတော့ ကိုယ်ဝန်ရမယ့် ကိစ္စကလေးတွေအတွက် ညီမလေးက ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်"

"ဟုတ်..ကျွန်မ အခုထဲက ဒေါက်တာနဲ့ သားဆက်ခြားဖို့ စီစဉ်ချင်ပါတယ်၊ပြီးတော့ ပြောရမယ်ဆို မနေ့ကလည်း မထင်မှတ်ပဲ raw sex ရှိခဲ့ပါတယ်"

ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )Where stories live. Discover now