Love starts in summer 13

1.4K 15 2
                                    

မိုးသည် သည်းထန်စွာ ရွာရုံတင်မက သစ်ပင်များကိုပါ လေနှင့်ပါအောင် အတင်းဆွဲခေါ်နေသည်။မိုးရွာတော့ ကောင်းကင်သည် အုံ့မှိုင်းလျက်ရှိကာ ဘာမှ ဝင်းဝင်းပပ ရှိမနေပါ။

ဒီလိုနေ့မှာမှ ရှန်တီကလည်း ရိုက်ကူးရေးရှိနေသေးသည်။အိမ်ပြန်ချင်သော်လည်း ကိုယ်ရိုက်ရမယ့် အခန်းက မပြီးပြတ်သေးတော့ ညစ်ညူးစွားပင် စောင့်ရဦးမည်။

ကျစ်..စိတ်ညစ်လိုက်တာ ၊မိုးကလည်း ရွာပဲရွာနိုင်လွန်းတယ် ၊တကယ်ပါပဲ ညည်းစီးစီးနဲ့ ချွေးတွေကပြန်၊စိုစိိစိ နဲ့ မြန်မြန် ပြီးချင်လှပါပြီ.

"မြတ်သူရေ..ဦးစည်းကို ပြောပါဦး ဘယ်ချိန်ရိုက်ရမလဲလို့"

မြတ်သူ ဆိုသည်က ရှန်တီ့ထက် တစ်နှစ်သာ ငယ်သော လက်ထောက်မကလေး ဖြစ်သည်။
ဦးစည်း ကတော့ ခု ရိုက်ကူးရေး၏ ဒါရိုက်တာ ဖြစ်သည်။

"ခဏနေ ရိုက်မယ်တဲ့ မမ..မျက်နှာလည်းမကောင်းဘူး ဘာဖြစ်လို့လဲ"

"အိမ်ပြန်ချင်ပြီ..မနေချင်တော့ဘူး မိုးရွာနေတာကလည်း စိတ်ညစ်စရာကြီး"

"ဒီ တစ် scene ပြီးရင် ပြီးပါပြီ...အအေးသောက်မလား မမ .ကျွန်မ ယူလာပေးမယ်"

"တော်ပြီ မသောက်တော့ဘူး..အစ်ကို့ဆီက ဖုန်းလာသေးဘူးလား မြတ်သူ"

"မလာဘူး မမ"

တစ်ရက် တစ်ရက် အစ်ကို့ဆီက ဆက်သွယ်လာမလားလို့ စောင့်ရသည်မှာလည်း မောရသည်။ဘယ်နေရာမှာမှ friends listမရှိသေးသော အစ်ကိုနဲ့ရှန်တီ့ ကြားတွင် အစ်ကိုကပဲ စ၍ ဆက်သွယ်လျှင်ကောင်းမယ်လို့ စိတ်ကူးနေမိခဲ့သည်။

ရှန်တီ့ နိစ္စဒူဝ လုပ်သမျှကို အစ်က်ိုကတော့ Facebook မှာပဲကြည့်ကြည့် insta မှာပဲကြည့်ကြည့် မြင်နိုင်သည်။မမြင်ဘူးဆိုလျှင်တောင် ကြေငြာ များတွင် တွေ့နိုင်သေးသည်။

ရှန်တီ့အတွက်ကျတော့ အစ်ကို့ကို တစ်နေ့တစ်နေ့ ဘာလုပ်နေသလဲကို ဘယ်နေရာကမှ
မမြင်နိုင်ချေ။

......
လူအများရှေ့ ပြောရဆိုရချိန်မှာ ရီပြ ပြုံးပြနေပေမဲ့ စိတ်ထဲမှာတော့ ဟာတာတာ ရယ်
ပျော်သည်လည်း မဟုတ် တက်ကြွသည်လည်း မဟုတ်။

ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )Where stories live. Discover now