LSIS 20

1.5K 24 4
                                    

နယ်မြို့လေး၏ လေဆိပ်ကိုရောက်သောအခါ
ဆောင်းအကုန် နွေအကူး၏ အရသာသည် ပိုကဲ၍ သိသာစေသည်။လေဆိပ်အပြင်ဘက်ရှိ ထန်းပင်များသည် ထားဝယ်မြို့၏ ပြယုဒ် တစ်ခုဖြစ်ပါလိမ့်မည်။
ဟိုဒီ ယိမ်းထိုးနေသော ထန်းပင်များသည် နေအရှိန်ကြောင့် ခြောက်သွေ့နေ၏။
လှပသော စက္ကူပန်းများကလည်း  နွေလေရူးကြောင့် ကြွေကျနေပြီး အချို့ပွင့်ဖက်များကတော့ လေနဲ့အတူ ဝှေ့ကာ ဝဲကာ ကနေသည်။

သယ်ယူရမည့်အထုပ်များကို လာကြိုသော ကားတွေထဲမှာ နေရာချပြီးသည်နှင့် လေဆိပ်မှ ထွက်ခွါလာခဲ့သည်။လမ်းတစ်လျှောက်တွင် ဆိုင်ကယ်အချို့ကို ကားတွေထက်ပင် မိုင်ကုန်မောင်းနေသည်ကိုလည်း တွေ့ရသည်။
ထားဝယ်မြို့က ထင်ထားတာထက်ကို တိုးတက်နေသော မြို့တစ်မြို့ ဖြစ်နေမှန်း လက်တွေ့ရောက်မှ သိတော့၏။

နက်မှောင် အိစက်နေသော ကတ္တရာလမ်းမကြီးသည် ကတ္တီပါသားကဲ့သို့ချောမွေ့နေရာ ကား၏ မောင်းနှင့်မှုသည် လှုပ်ခတ်ခြင်း မရှိပဲ ညိမ့်ညောင်းနေ၏။
မနက်နေရောင်ခြည် ကျသွားကာ မွန်းတည့်နေ၏ အပူချိန်သည် သာမန်ထက်ပူသော်လည်း ကားအတွင်းရှိ လေအေးပေးစက်ကြောင့် အေးစိမ့်စိမ့်လေး ဖြစ်လျက်ရှိသည်။

ထားဝယ်မြို့လေး၏ မြို့တွင်းလမ်းသည် စနစ်တကျ ဖွင့် ထားသော စျေးဆိုင်ကလေးများကြောင့် ပို၍ နေချင်စရာဖြစ်၏။ကားလေးသည် မြို့ထဲတွင် တရိပ်ရိပ်မောင်းနှင်လာရင်း စျေးဆိုင်ခန်းများ တိုက်အိမ်များ ပျဉ်ထောင်အိမ်များ လမ်းသွယ်ကလေးများကို ကျော်လွန်လာပြီးချိန်တွင် လယ်ကွင်းများနှင့် ထန်းပင်များ ရှိရာ လမ်းမထက်သို့ ရောက်ရှိလာ၏။

"ဒါ မြို့ပြင်ကို ရောက်လာပြီလေ..မြို့ပြင်ဆိုပေမဲ့ မြို့ထဲနဲ့အရမ်း မဝေးပါဘူး ကားနဲ့ဆို ၁၅ မိနစ်လောက်ပဲ ကိုယ်တို့နေတဲ့နေရာကိုရောက်ပြီ"

လမ်းမဘေးတစ်ဖက်တစ်ချက်ဆီတွင်
ထန်းပင်ကလေးများကို ဝန်းရံထားသည်။

လမ်းမဘေးတစ်ဖက်တစ်ချက်ဆီတွင် ထန်းပင်ကလေးများကို ဝန်းရံထားသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )Where stories live. Discover now