LSIS 25

1.5K 30 12
                                    

"မေကြီး ...ဆေးရုံကို ဘာလာလုပ်တာလဲ"

နွမ်းနွမ်းဖက်ဖက်အင်္ကျီဖြင့် ဆရာဝန်များနားနေခန်းရှေ့တွင်ထိုင်နေသော မေကြီးကိုတွေ့လိုက်ရသည်။ထိုသို့ တွေ့လိုက်တော့လည်း စိတ်ထဲ မကောင်းချေ။

"ညည်း အိမ်ပြန်မအိပ်လို့ လိုက်လာတာ"

မျက်နှာ အပျက်ပျက်ဖြင့် အားမရှိသော လေသံပျော့ကလေးကြောင့် ရင်ထဲတွင် နင့်ခနဲခံစားလိုက်ရသည်။လောလောဆယ် လူနာကြည့်နေရင်း ထလိုက်လာခဲ့ရတာကြောင့် မေကြီးကို စကားကြာကြာပြော၍ မရပါ။

"ဆေးရုံမှာ project အသစ်တွေ ဆက်တိုက် ထွက်နေလို့ ကူပေးနေရလို့ အိမ်မပြန်နိုင်ဘူးဆိုတာ မေကြီးကိုပြောပြခဲ့တယ်လေ"

"ပြောပြခဲ့ပေမယ့် သေချာအောင် လိုက်လာခဲ့တာပါ။တကယ်အလုပ်လုပ်နေတော့လည်း ငါပြန်တော့မယ် နိုးနိုး"

စိတ်မြန်သောမေကြီးသည် ခေါက်ထီးကို လက်တွင် စုကိုင်ကာ ပိုက်ဆံအိတ်ကလေးကို ဂျိုင်းကြား ညှပ်ရင်း နေရာမှ ထွက်သွားဟန်ပြုနေသည်။

"နေ..နေပါဦး မေကြီး..."

ကဗျာကယာ ခေါ်လိုက်တော့ မေကြီးကနောက်လှည့်ကြည့်သည်။ဘာလဲ...ဟူသော အမေးဖြင့် ခေါင်းဆတ်ပြရင်း မေးနေသည်။

"ခဏလေး...စောင့်"

နားနေခန်းထဲသို့အမြန်ဝင်ကာ စာကြည့်စားပွဲရှိ အံဆွဲထဲမှာ ပိုက်ဆံအိတ်အသေးလေးကို ထုတ်လိုက်သည်။တစ်သောင်းတန် လေးငါးခြောက်ရွက်ကို မရေနိုင်ဘဲ ကဗျာကယာ ထုတ်၍ စာအုပ် တစ်အုပ်မှ စာရွက် အလွတ်တစ်ခုကို ဖြဲလိုက်ပြီး ပိုက်ဆံအရွက်ကလေးများကို ပတ်လိုက်၏။

အခန်းဝရှေ့တွင် ရပ်စောင့်နေသော မေကြီးကို ပြုံးပြရင်း လက်ထဲသို့ စက္ကူထုတ်ကလေး ကျစ်ကျစ်ပါအောင် ထည့်ပေးလိုက်သည်။

"သမီး ညနေ အချိန် ရရင် ဖုန်းဆက်လိုက်မယ်နော်..အပြန်ကို တက္ကစီ ငှါးပြန်သွား"

စကားပြောနေရင်းမှ ဖုန်းဝင်လာသဖြင့် အမြန်နှုတ်ဆက်ကာ မေကြီးရှေ့မှ အပြေး ထွက်ခဲ့ရသည်။

"ဟဲလို...အေးအေး ငါလာပြီ..ခုလာပြီနော်..မေကြီး သမီးမွေးလူနာ ရှိလို့ သွားပြီနော်။ကားငှါးပြန်နော်..."

ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )Where stories live. Discover now