LSIS 26

1K 31 7
                                    

တနင်္ဂနွေနေ့ ညနေပိုင်းတွက် ကိုသီဟနိုင် လာခေါ်သဖြင့် ပြင်ဆင်ပြီး လိုက်လာခဲ့လိုက်၏။
စားသောက်ဆိုင် တစ်ခုသို့ ဝင်လာခဲ့ခြင်းဖြစ်သည်။

စားစရာ အသီးသီး မှာယူပြီးနောက် နိုးနိုးကပဲ စကား စလိုက်သည်။

"ဆရာ ပြောစရာရှိတယ်ဆို.."

"ဆရာ လို့ မခေါ်ပါနဲ့ အပြင်မှာပဲဟာ..ကိုသီဟလို့ပဲခေါ်ပါဆို"

ကိုသီဟသည် နိုးနိုးထက် အသက်ကြီးသော စီနီယာတစ်ယောက်ဖြစ်၏။
ရုပ်ရည်ပြေပြစ်သော အသက် သုံးဆယ်ကျော် လေးဆယ်နားကပ်သည့် စီနီယာအစ်ကိုကြီး ဖြစ်တာကြောင့် တစ်ကြောင်း ကိုယ့်အထက် ရာထူးကြီးသည့် သူတစ်ယောက်ဖြစ်တာရောကြောင့် နိုးနိုးသည် သူနဲ့ပတ်သပ်သမျှ စိတ်ရှည် သည်းခံပါသည်။

"ကျွန်မ နှုတ်ကျိုးနေပြီ ဆရာရဲ့...ကဲပြောမှာသာပြောပါ..ဒီတစ်ခေါက် ဘာကူညီပေးစရာရှိလို့လဲ"

"မရှိပါဘူး..ဒီတိုင်း သပ်သပ်တွေ့ချင်လို့ ခေါ်လာတာ"

ဆရာ့အပြောကြောင့် မျက်နှာမှာ ထားစရာမရှိအောင် ထူပူသွားရ၏။

"ကိုယ် ဟိုနေ့က ကြယ်စင့် အမေနဲ့တောင် တွေ့လိုက်သေးတယ်.."

"ဟင်"

"ဆေးရုံမှာလေ..ကြယ်စင့်ကိုလာတွေ့တာတွေ့တော့ နှုတ်ဆက်လိုက်သေးတယ်"

နိုး ခဏမျှ ကြောင်သွားသည်။

"အန်တီက အဆင်ပြေပြေနေနေရဲ့လား"

"ဘာကိုလဲ ဆရာ.."

"ဪ အဆင်ပြေပြေရှိလားလို့..အဲ့နေ့က နွမ်းနွမ်းဖက်ဖက် ဖြစ်နေလို့လေ"

"ရှိပါတယ်..ဒါနဲ့ဆရာက မေကြီးကို ဘာဖြစ်လို့ နှုတ်ဆက်လိုက်တာလဲ"

နိုးနိုးသည် အကြောင်းမရသော စိတ်ခံစားမှုကြောင့် မကြိုက်သလို မေးခွန်းထုတ်လိုက်၏။

"တွေ့လို့လေ..နောက်လည်း ကိုယ်တို့ သိရင်လည်း သိမှာပဲ"

"ဆရာ"

လေသံခပ်မာမာဖြင့် ခေါ်လိုက်သည်။

"ကျွန်မအကြောင်းကို ဘာဖြစ်လို့ အဲ့လောက် ဝင်ပြီး လေ့လာနေရတာလဲ"

ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )Where stories live. Discover now