ကျယ်ဝန်းသော မြက်ခင်းစိမ်းနဲ့အပင်များဖြင့် အလှဆင်ထားသော ခြံကြီးထဲတွင် မိတ်ဆွေများကို အစားအသောက်များဖြင့် တည်ခင်း ဧည့်ခံကျွေးမွေးနေသည်။
နယ်ခံလူကြီးများဖြင့် စကားပြောနေကြသော လူကြီးများက ခေါင်းတလည်လည်ဖြင့် သတို့သားနဲ့ သတို့သမီးလောင်းလျာကို ရှာနေကြဟန်တူသည်။
"အယ်...ဂုဏ်ရှိန်ရယ်...နင့်ကို အပေါ်လွှတ်လိုက်ကာမှ ပြန်ကို ဆင်းမလာတော့ဘူး"
ကျွန်းလှေကား အရင်းမှရပ်၍ အိမ်ပေါ်မှ ဆင်းလာသော မင်းဂုဏ်ရှိန်အား မသီရိက ပြောနေသည်။
အင်္ကျီကို ကျကျနန ပြင်ဝတ်ရင်းဆင်းလာသော ဂုဏ်ရှိန်သည် ချွေးအနည်းငယ် စို့လျက်ရှိသည်။"ရှန်တီရော.."
"လာပြီ...မမရေ။ရှန်တီ make up က နည်းနည်းကွက်နေလို့ အစက ပြန်ပြင်နေတာနဲ့ ကြာသွားတာ"
အစ်ကို့ အနောက်မှ အသည်းအသန် လိုက်၍ ဆင်းလာသော ရှန်တီသည် ဆင်ခြေကောင်းကောင်းလေး တစ်ခုထုတ်သုံးလိုက်သည်။
"ကဲ ကဲ လာကြ အပြင်မှာ နင်တို့နှစ်ယောက်ကို မိတ်ဆက်ပေးဖို့ စောင့်နေကြတယ်"
ခြံထဲတွင် နေရောင်ခြည်သည် ဖျော့ဖျော့သာ ကျန်တော့သည်။ညအရိပ်သို့ ကူးပြောင်းလာပြီ ဖြစ်သဖြင့် အလှဆင် မီးသီးများ ထွန်းထားသည်။ခြံထဲတွင် အလှဆင်ထားသော မီးသီးများကြောင့် ဧည့်သည်များပင် ဖုန်းကင်မရာများထုတ်ကာ ဓာတ်ပုံများ ရိုက်ယူနေကြသည်။
အစ်ကိုနှင့်အတူ မိဘများက မိတ်ဆွေများ နယ်ခံများဖြင့် မိတ်ဆက်ပေးသဖြင့် စကားဝိုင်း ကျနေကြသည်။အချိန်အတော်ကြာပြောနေရင်းမှ ငြီးငွေ့လာသဖြင့် စကားဝိုင်းထဲမှ အသာလေးထွက်ခဲ့ကာ လူရှင်းသော နေရာသို့ သွားလိုက်၏။
"ကျွတ် ကျွတ် ကျွတ်...ညောင်းချိနေတာပဲ.."
ဒေါက်ဖိနပ်ကိင အချိန်အတော်ကြာ စီးထားရသဖြင့် ဖနောင့်များပင် နာလာသည်။လူကြားထဲမှ ထွက်လာရသဖြင့် စိတ်သက်သာရကာ ခုမှပဲ အသက်ရှူချောင်တော့သည်။
"သတို့သမီး..."
"ဟင်"
ခပ်စိမ်းစိမ်းခေါ်သံဖြင့် အနားထဲတွင် လူတစ်ယောက် ဝင်ထိုင်လာသည်။
ရုတ်တရက် ဆန်သဖြင့် ကိုယ်ကို ရို့ကာ နောက်ပြန်လှည့်ကြည့်မိ၏။
YOU ARE READING
ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )
General FictionMarried,Love,Romance ဒီနွေမှ စတင်သောအချစ်သည် နှောင်နွေပေါင်းများစွာသို့ ချစ်ရသူထံသို့ လှမ်းရသော ခြေလှမ်းသည် ဘယ်သူ့ဘက်ကပဲ စလှမ်းလှမ်း အချစ်စစ်ဖြစ်ဖို့ပဲ လိုတယ်မလား