"မေမေရေ ..ရှန်တီ ဒီနေ့ အပြင်သွားမလို့"
ရှန်တီ တစ်ယောက် မနက် အလှပြင်နေရင်းမှ မေမေ့ကို ဖုန်းဆက်လိုက်သည်။
သူငယ်ချင်းများနဲ့ ချိန်းထားတာကြောင့် ဒီနေ့ မေမေနဲ့တူတူ ဝိုင်းမကူနိုင်ပေ။"ဟုတ်တယ် မေမေ ..ဂရေ့စ်တို့နဲ့ ညနေ နောက်ကျရင် မေမေ့ကို လာကြိုလိုက်မယ်လေ .."
မေမေဖုန်းချသွားပြီးနောက် ရှန်တီသည် အဝတ်လဲခန်းထဲသို့ အဝတ်စားရွေးရန် ဝင်လာ၏။
Chanel,Guccie,Prada,Dior,YSL, Dolce & Gabbana, Hermès ...မျိုးစုံလှသော တံဆိပ်ပေါင်းများစွာရှိသည့် အဝတ်ဗီရိုထဲမှ အဝတ်အစားများကို ရွေးမနိုင်ဖြစ်နေရပါသည်။"အင်း...ဒီနေ့က ပေါ့ပေါ့ပါးပါးပဲဆိုတော့ ဒါလေးပဲ ကောင်းပါတယ်"
Burberry မှထုတ်ထားသော shirt တစ်ထည်ကို mini skirt ကလေးဖြင့် တွဲစပ်ဝတ်ဆင်လိုက်သည်။
ထို့နောက် အင်္ကျီနဲ့လိုက်သော ဖိနပ် နဲ့ ပိုက်ဆံအိတ်ကို ရွေးသည်။ပြီးမှ လက်စွပ် ခပ်မျှင်မျှင် နှစ်ကွင်းကို လက်ညိုး တစ်ကွင်း ၊လက်ခလယ်တစ်ကွင်း ဝတ်လိုက်သည်။"ကဲ ...ပြီးပြီ all fine"
...
" နိုး မင်းဘယ်လိုဖြစ်နေတာလဲ""ငါပြောပြီးသားနော် မင်းဂုဏ်ရှိန် နင့်မိဘနဲ့ မတွေ့ချင်ဘူးလို့ ..ငါ့ကို ဘာလို့ လိမ်ခေါ်လာတာလဲ"
နိုး နဲ့ ဂုဏ်ရှိန်သည် Shane Hotel ကား ပါကင်၌ ရုံးရင်းဆန်ခတ်ဖြစ်နေသည်။လက်ကို အတင်းဆွဲခေါ်နေသောကြောင့် အတင်းရုန်းနေသည့် နိုး၏လက်ကောက်ဝတ်များသည် နာကျင်လာ၏။
"မောင်...ငါ့ကိုလွှတ်"
"လာပါ နိုးရာ ဒယ်ဒီနဲ့ ခဏပဲ တွေ့ပါကွာ"
ဒယ်ဒီ့ဆီမှ မင်းအမေဆီက ကြားပြီးပြီ တစ်ခေါက်တော့ ခေါ်လာကြည့်လေ ဟူသော စကားကြောင့် ဂုဏ်ရှိန် ဝမ်းသာခဲ့ရသည်။ဖြစ်စေချင်သည်မှာ နိုးကို လိုလိုလားလားနဲ့ သူ့မိသားစု လက်ခံဖို့ကိုပင်။
ခုတော့ အတင်းရုန်းနေသော နိုးကြောင့် ဒေါသထွက်လာရသည်။"တောက်...မင်းဂုဏ်ရှိန် နင်လွန်နေပြီနော် လွှတ်စမ်းဟာ"
အရမ်းမလိုက်ချင်နေသော သူမကို စိတ်တိုကာ လွှတ်လိုက်သည်။
YOU ARE READING
ဤနွေတွင် အချစ်တစ်ခုမွေးဖွားသည်။(Love starts in Summer )
General FictionMarried,Love,Romance ဒီနွေမှ စတင်သောအချစ်သည် နှောင်နွေပေါင်းများစွာသို့ ချစ်ရသူထံသို့ လှမ်းရသော ခြေလှမ်းသည် ဘယ်သူ့ဘက်ကပဲ စလှမ်းလှမ်း အချစ်စစ်ဖြစ်ဖို့ပဲ လိုတယ်မလား